မြောက်ကိုရီးယားမှာ ဖမ်းဆီးခံနေတဲ့ သြစတြေးလျကျောင်းသား လွတ်မြောက် 

၄ ဇူလိုင် 

 

မြောက်ကိုရီးယားမှာ အဖမ်းခံနေရတဲ့ အသက်၂၉ နှစအရွယ်  သြစတြေးလျကျောင်းသားဟာ ပြန်လည်လွတ်မြောက်လာပြီး တရုတ်နိုင်ငံဘေကျင်းလေဆိပ်ကို ဒီကနေ့ (ကြာသပတေးနေ့)မှာ ရောက်ရှိလာကြောင်း သိရပါတယ်။ ပြန်လည်လွတ်မြောက်လာတဲ့ အဲလက် ဆစ်လေ ကို ပျော်ပျော်ရွှင်ရွှင်နဲ့ တွေ့ရပါတယ်။ 

 

ပြုံယမ်းမှာ ပညာသင်ကြားခွင့်ရရှိနေသော လက်တစ်စုပ်စာ အနောက်နိုင်ငံသား ကျောင်းသားများထဲတွင် တစ်ဦးအပါအဝင်ဖြစ်သော ကိုရီးယားစကား ကျွမ်းကျွမ်းကျင်ကျင်ပြောနိုင်တဲ့ အဲလက် ဟာ ဇွန် ၂၃ ရက် ဝန်းကျင်က ဖမ်းဆီးခံရတယ်လို့ ယူဆရပါတယ်။

 

အဲလက် ဆစ်လေ ရဲ့ ဖခင်ဖြစ်သူ ဂယ်ရီ က သူ့သားနဲ့ စကားမပြောရသေးမယ့် အဲလက်ဟာ ကျန်းကျန်းမာမာ ရှိနေတဲ့အတွက် သိပ်ကိုပျော်ပါတယ်။ မကြာခင်တွေ့မှဘဲ တင်းတင်းကျပ်ကျပ် ဖက်ထားအုံးမယ်လို့ သတင်းဌာန တွေကို ပြောပါတယ်။ 

 

ဆစ်လေ ပျောက်ဆုံးနေတဲ့သတင်းဟာ အမေရိကန်သမ္မတဟာ မြောက်ကိုရီးယား နိုင်ငံမြေပေါ်ကို သမိုင်းဝင်တဲ့ ခြေမချခင်၊ မြောက်ကိုရီးယားခေါင်းဆောင်နဲ့မတွေ့ဆုံခင် ရက်ပိုင်းအလိုမှာ ထွက်ပေါ်ခဲ့တာဖြစ်ပါတယ်။ 

 

အဲလက် ဆစ်လေဟာ အန်ဂလိုသြစတြေးလျား ဖခင်နဲ့တရုတ်မိခင်တို့ကနေ မွေးဖွားသူဖြစ်ပြီး မြောက်ကိုရီးယားမှာ ကိုရီးယားဘာသာစကားဘာသာရပ်ကို ဘွဲ့လွန်ပညာတက်ရောက် မသင်ယူခင် ရှန်ဟိုင်းနဲ့ တောင်ကိုရီးယားရှိ တက္ကသိုလ်တို့မှာ ပညာသင်ယူခဲ့သူဖြစ်ပါတယ်။ 

 

အဲလက်ဟာ ကင်ဂျုံဆွန်းတက္ကသိုလ်မှာ ၂၀၁၈ ခုနှစ်ကစပြီး ပညာသင်ယူနေရင်း မြောက်ကိုရီးယားခရီးသွားလုပ်ငန်း ကုမ္ပဏီတစ်ခုလည်း ထူထောင်လုပ်ကိုင်သူဖြစ်ပါတယ်။ ပြီးခဲ့တဲ့နှစ်က ဂျပန်အမျိုးသမီးနဲ့ ပြုံယမ်းမှာ လက်ထပ်ခဲ့တယ်လို့ သိရပါတယ်။ အဲလက်ဟာ ပြုံးယမ်းရဲ့ နေ့စဉ်ဘဝတွေကို blog မှာ ရေးသားသလို ဆောင်းပါးတွေ ရေးသားလေ့ရှိသူဖြစ်ပါတယ်။ 

 

MDN
ကိုးကား - AFP