၉ စက်တင်ဘာ
မြောက်ကိုရီးယားနိုင်ငံမှာ တိုက်ခတ်ခဲ့တဲ့ တိုင်ဖုန်းမုန်တိုင်းကြောင့် တံတားအစင်း ၆၀ နီးပါးနဲ့ လူနေအိမ်ခြေ ၂,၀၀၀ ကျော် ပျက်စီးခဲ့ကြောင်း နိုင်ငံပိုင်သတင်းဌာန (KCNA) ကနေ ဒီနေ့ (ဗုဒ္ဓဟူးနေ့) မှာ ကြေညာခဲ့ပါတယ်။ ခေါင်းဆောင်ကြီး ကင်ကတော့ အခုပျက်စီးမှုတွေကြောင့် နိုင်ငံတော်က ဒီနှစ်အတွက် စီစဉ်ထားတာတွေအပေါ်မှာ ထိခိုက်သွားမှာ မဟုတ်ကြောင်း ပြောပါတယ်။
တိုင်ဖုန်း မေဆက်ကြောင့် လူနေအိမ်ခြေ ၂,၀၀၀ ကျော်၊ အစိုးရအဆောက်အအုံ အမြောက်အများ ပျက်စီးခဲ့ပြီး ကီလိုမီတာ ၆၀ လောက် အကွာအဝေးရှိ လမ်းတွေနဲ့ တံတား ၅၉ စင်း ပျက်စီးပြိုကျခဲ့ပါတယ်။ ဒါ့အပြင် မီတာ ၃,၅၀၀ ရှည်တဲ့ မီးရထားလမ်းလည်း ရေတိုက်စားခံခဲ့ရကြောင်း KCNA က ကြေညာသွားပါတယ်။
ဒီသီတင်းပတ်အတွင်းမှာ တိုင်ဖုန်း ဟိုင်စိန်တိုက်ခတ်ကြောင့် ရေနစ်မြုပ်မှုအပြီး တိုက်ဖုန်းမေဆက်ကြောင့် နိုင်ငံရဲ့ အရှေ့ပိုင်းကမ်းရိုးတန်းမှာ မိုးအကြီးအကျယ်ရွာသွန်းမှုတွေ ဖြစ်ပေါ်ခဲ့တာ ဖြစ်ပါတယ်။
ခေါင်းဆောင်ကြီး ကင်က ပြုံးယမ်းအခြေစိုက်တဲ့ ပါတီဝင် ၁၂,၀၀၀ လောက်ကို သဘာဝဘေးအန္တရာယ်နဲ့ ရင်ဆိုင်နေရတဲ့ ဒေသတွေကို အကူအညီပေးရန် စေလွှတ်ထားကြောင်း သိရပါတယ်။
MDN
ကိုးကား- AFP