ပြုံယမ်း ၁၈ ဖေဖော်ဝါရီ
မဟာဗျူဟာနှင့် နိုင်ငံတကာလေ့လာမှုဆိုင်ရာ အမေရိကန်အကြံပေးအဖွဲ့သည် ယခင်ကမသိရှိခဲ့ရသည့်မြောက်ကိုရီးယားရှိ တိုက်ချင်းပစ်ဒုံးကျည်အခြေစိုက်စခန်းတစ်ခုကို ဂြိုဟ်တုရုပ်ပုံများကို ခွဲခြမ်းစိတ်ဖြာမှုမှတွေ့ရှိရကြောင်း ပြောကြားခဲ့သည်။
SANGNAM အမည်ရှိ ဒုံးကျည်အခြေစိုက်စခန်းသည် စစ်မဲ့ဇုန်မှ ကီလိုမီတာ ၂၅၀ အကွာခန့်ရှိတောင်ကုန်းတောင်တန်း ထူထပ်သည့် ဧရိယာတစ်ခုအတွင်း၌ တည်ရှိကြောင်း သိရသည်။
ဂြိုဟ်တုရုပ်ပုံများ အရ နက်ရှိုင်းသည့် တောင်ကြားနေရာတစ်ခုဆီသို့ သွားသည့် ဝင်ပေါက်ဖြစ်ဟန်ရှိသော အရာများကို တွေ့ရကြောင်း CSIS အဖွဲ့က ပြောကြားခဲ့သည်။
ယင်းအခြေစိုက်စခန်းမှာ ဂူအမ်ရှိ အမေရိကန်နှင့်အမေရိကန်စစ်အခြေစိုက်စခန်းများကို ထိမှန်နိုင်စွမ်းရှိသည့် မူဆူဒန်တာလတ်ပစ် နျူကလီးယားဒုံးကျည်တပ်ဆင်ရာ အခြေစိုက်စခန်းဖြစ်ကြောင်း အကြံပေး အဖွဲ့ကပြောကြားခဲ့သည်။ ယင်းအခြေစိုက်စခန်းသည်ဒီဇင်ဘာလတွင် လည်ပတ်ဆောင်ရွက်မှုရှိခဲ့ကြောင်း အကြံပေးအဖွဲ့က အတည်ပြုခဲ့သည်။
အကြံပေးအဖွဲ့သည် ပြီးခဲ့သည့်လက မြောက်ကိုရီးယားနိုင်ငံ အနောက်မြောက်ဘက်အခြမ်းတွင်ဒုံးကျည်ထုတ်လုပ်သည့် စက်ရုံတစ်ခုကိုတွေ့ခဲ့ကြောင်း ကြေညာခဲ့သည်။
မြောက်ကိုရီးယားသည် နိုင်ငံအနောက်မြောက်ပိုင်းရှိ တန်ချန် ဒုံးလွှတ်စခန်းကို ဖျက်သိမ်းမည်ဖြစ်ကြောင်း ကြေညာခဲ့ပြီး ယင်းကိစ္စနှင့်ပတ်သက်၍ ယခုလနှောင်းပိုင်းတွင် ကျင်းပမည့် အမေရိကန်-မြောက်ကိုရီးယား ဒုတိယအကြိမ်ထိပ်သီးအစည်းအဝေးတွင် ဆွေးနွေးသွား ဖွယ်ရှိကြောင်း ကြေညာခဲ့သည်။
မြောက်ကိုရီးယားက လူသိရှင်ကြားထုတ်ဖော်ကြေညာထားခြင်းမရှိသည့် တိုက်ချင်းပစ်ဒုံးကျည်အခြေစိုက် စခန်း ၂၀ ခန့်ရှိ ကြောင်း အမေရိကန်အကြံပေးအဖွဲ့က ပြောကြားခဲ့သည်။
အင်န်အိတ်ချ်ကေ