၉ ဧပြီ
မြောက်ကိုရီးယားနိုင်ငံအပေါ် ကုန်သွယ်ရေးနှင့် အခြားပိတ်ဆို့မှုများ နောက်ထပ်နှစ်နှစ် သက်တမ်းတိုးရန် ဂျပန်နိုင်ငံက ဆုံးဖြတ်လိုက်သည်။
ဂျပန်အစိုးရဝန်ကြီး အဖွဲ့က အဆိုပါ ဆုံးဖြတ်ချက်ကို အင်္ဂါနေ့က အတည်ပြုခဲ့သည်။
ကုန်သွယ်ရေးဆိုင်ရာ ပိတ်ဆို့မှုနှင့် မြောက်ကိုရီးယား သင်္ဘောများနှင့် မြောက်ကိုရီးယားနိုင်ငံ၌ ရပ်နားသည့် ပြည်ပမှရေယာဉ်များ ဆိပ်ကမ်းဆိုက်ကပ်ခွင့် ပိတ်ပင်ထားမှုမှာ စနေနေ့တွင် သက်တမ်းကုန်ဆုံးတော့မည် ဖြစ်သည်။
အဆိုပါ ပိတ်ဆို့မှုများသည် မြောက်ကိုရီးယားနိုင်ငံ၏ နျူကလီးယား စမ်းသပ်မှုများနှင့် ဒုံးကျည်ပစ်လွှတ်မှုများကို တုံ့ပြန်ရန်အတွက် ၂၀ဝ၆ ခုနှစ်ကတည်းက ဂျပန်နိုင်ငံက တစ်ဖက်သတ် ချမှတ်ခဲ့သည့် အရေးယူပိတ်ဆို့မှု၏ တစ်စိတ်တစ်ဒေသဖြစ်သည်။
ဂျပန်နိုင်ငံသည် အမေရိကန်ပြည်ထောင်စု၊ တောင်ကိုရီးယားနိုင်ငံ တို့နှင့်ပူးပေါင်း၍ အရေးယူ ပိတ်ဆို့မှုများ ဆက်လက်ပြုလုပ်ရန် စီစဉ်လျက်ရှိသည်။
ဖေဖော်ဝါရီလ အတွင်းက အမေရိကန်-မြောက်ကိုရီးယား ထိပ်သီးအစည်းအဝေးမှာ မည်သည့် သဘောတူညီချက်မျှ မရရှိပဲ မြောက်ကိုရီးယားနိုင်ငံ၏ နျူကလီးယား လျော့ချရေးအတွက် အလားအလားမှာ မှေးမှိန်သွားခဲ့သည်။
ကိုးကား-အန်အိတ်ချ်ကေ
ဘာသာပြန်-မေဇော်ထက်