ပြုံယမ်း ဇန်နဝါရီ ၁၃
မြောက်ကိုရီးယားနိုင်ငံသည် အသံထက်မြန်သော ဒုံးကျည်တစ်စင်းကို ဇန်နဝါရီ ၁၁ ရက်တွင် အောင်မြင်စွာ စမ်းသပ်ပစ်လွှတ်ခဲ့ပြီး ယင်းဒုံးကျည် စမ်းသပ်ပစ်လွှတ်မှုကို ထိပ်တန်းခေါင်းဆောင် ကင်ဂျုံအန်နှင့် အခြားထိပ်တန်း အရာရှိများကိုယ်တိုင် တက်ရောက်ကြည့်ရှုခဲ့ကြကြောင်း နိုင်ငံပိုင်ကိုရီးယား ဗဟိုသတင်းအေဂျင်စီ (ကေစီအင်န်အေ)က ယနေ့ နံနက်ပိုင်းတွင် ဖော်ပြထားသည်။
မြောက်ကိုရီးယားနိုင်ငံ၏ ကာကွယ်ရေးသိပ္ပံ အကယ်ဒမီကျောင်းက ပြုလုပ်သည့် အသံထက်မြန်သော အဆိုပါဒုံးကျည် စမ်းသပ်ပစ်လွှတ်မှုသည် ယခုနှစ်အတွင်း ဒုတိယအကြိမ်မြောက် ပစ်လွှတ်ခြင်းဖြစ်သည်။
အဆိုပါ ဒုံးကျည်စမ်းသပ်ပစ်လွှတ်မှုသည် ပြည်တွင်းတီထွင်ထုတ်လုပ်ထားသည့် အသံထက်မြန်သော လက်နက်စနစ်၏ နည်းပညာဆိုင်ရာ သတ်မှတ်ချက်အားလုံးကို နောက်ဆုံးအနေဖြင့် အတည်ပြုရန် ရည်ရွယ်ကြောင်း ကေစီအင်န်အေက သတင်းဖော်ပြထားသည်။
ခေါင်းဆောင်ကင်ဂျုံအန်သည် အဆိုပါ ဒုံးကျည်စမ်းသပ်ပစ်လွှတ်မှုကြည့်ရှုစဉ် နိုင်ငံတော်၏ ကာကွယ်ရေး စွမ်းပကားကို ဆက်လက်မြှင့်တင်ရန် အမျိုးသားကာကွယ်ရေးသိပ္ပံအား တိုက်တွန်းလိုက်ကြောင်း သိရသည်။
ကိုးကား - ဆင်ဟွာ
ဘာသာပြန် - ဂျေတီ