မြောက်ကိုရီးယားနိုင်ငံက ဗိုင်းရပ်စ်ပိုးသစ်ကို ကာကွယ်ရန် ကမ္ဘာလှည့်ခရီးသည်တွေ လာရောက်ခွင့် ပိတ်ပင်သွားမယ်

၂၂ ဇန်နဝါရီ

 

မြောက်ကိုရီးယားနိုင်ငံက တရုတ်နိုင်ငံမှာ ဖြစ်ပွားနေတဲ့ ကိုရိုနာဗိုင်းရပ်စ်ပိုးကြောင့် နိုင်ငံခြားသားခရီးသည်တွေ လာရောက်ခွင့်ကို ပိတ်ပင်ထားကြောင်း ခရီးသွားကုမ္ပဏီကြီး ပြောပါတယ်။ တရုတ်နိုင်ငံမှာ ဗိုင်းရပ်စ်ပိုးသစ်ကြောင့် ကိုးဦး သေဆုံးပြီး ရာချီတဲ့လူတွေ ဖျားနာနေတဲ့အတွက် မြောက်ကိုရီးယားနိုင်ငံက သူ့ကိုယ်သူ ကာကွယ်ရန်အတွက် အခုလို တားမြစ်တာဖြစ်တယ်လို့ သိရပါတယ်။

 

2

 

တရုတ်နိုင်ငံအလယ်ပိုင်းရှိ ဝူဟမ်မြို့ကနေ စတင်ပျံ့နှံ့လာတဲ့ ကိုရိုနာဗိုင်းရပ်စ်ပိုးကို တားဆီးရန်အတွက် အမေရိကန်နိုင်ငံအပါဝင် နိုင်ငံတော်တော်များများရဲ့ လေဆိပ်တွေမှာ ကျန်းမာရေးစစ်ဆေးမှုတွေ လုပ်ဆောင်နေပါတယ်။ မြောက်ကိုရီးယားကတော့ ခရီးသွားတွေ လာရောက်ခြင်းကို ပိတ်ပင်တားဆီးတဲ့ ပထမဦးဆုံး နိုင်ငံဖြစ်လာပါတယ်။

 

မြောက်ကိုရီးယားနိုင်ငံရဲ့ အဓိက နိုင်ငံခြားသားခရီးသည်တွေဟာ တရုတ်နိုင်ငံက ဖြစ်ပြီး ပြီးခဲ့တဲ့နှစ်က နှစ်နိုင်ငံကြား ခရီးသွားများပြားခဲ့တဲ့အတွက် ရင်းနှီးမှုပိုမိုဖြစ်ထွန်းခဲ့ပါတယ်။

 

ဒီကနေ့ (ဗုဒ္ဓဟူးနေ့) ကစပြီး မြောက်ကိုရီးယားနိုင်ငံရဲ့ နယ်စပ်ဂိတ်တိုင်းကို ယာယီပိတ်ပင်မှာဖြစ်ကြောင်း တရုတ်နိုင်ငံအခြေစိုက် Young Pioneer Tours ကုမ္ပဏီရဲ့ ထုတ်ပြန်ချက်မှာ ရေးသားထားပါတယ်။ ပိတ်ပင်မယ့်ရက် အတိအကျကိုတော့ ဖော်ပြထားခြင်းမရှိတာကို တွေ့ရပါတယ်။

 

897

 

အီဘိုလာ (Ebola) ဗိုင်းရပ်စ်ပိုး ပျံ့နှံ့ခဲ့စဉ် ၂၀၁၄ ခုနှစ် အောက်တိုဘာလက စပြီး လေးလတိတိ ခရီးသွားလာခွင့်ကို ပိတ်ပင်ခဲ့ပါတယ်။ အဲဒီအချိန်က အာရှနိုင်ငံတွေမှာ အီဘိုလာဗိုင်းရပ်စ်ပိုး မတွေ့ရှိခဲ့ကြောင်း သတင်းတွေ ထုတ်ပြန်ခဲ့ပေမယ့် နိုင်ငံကို ဗိုင်းရပ်စ်ပိုးကင်းစင်အောင် လုပ်ဆောင်ခဲ့ပါတယ်။ အဲဒီချိန်ခါက နိုင်ငံတကာ သံတမန်တွေနဲ့ စီးပွားရေးလုပ်ငန်းရှင်တွေကိုပါ နိုင်ငံကို ဝင်ခွင့် ၂၁ ရက် ပိတ်ပင်ခဲ့ပါတယ်။

 

၂၀၁၅ ခုနှစ်က တောင်ကိုရီးယားနိုင်ငံကနေ စတင်ပျံ့နှံ့တဲ့ မားစ် (MERS ) ရောဂါပိုးကြောင့် တောင်ကိုရီးယားမှာ တာဝန်ကျနေတဲ့ သံတမန်တွေနဲ့ အလုပ်သမားတွေကို မြောက်ကိုရီးယားကို ပြန်လာခွင့် လချီပြီး ပိတ်ပင်တာမျိုးလည်း လုပ်ခဲ့ဘူးပါတယ်။

 

၂၀၀၃ ခုနှစ်က ဖြစ်ပွားခဲ့တဲ့ ဆားစ် (SARS ) ဗိုင်းရပ်စ်ပိုးကြောင့် မြောက်ကိုရီးယားနိုင်ငံတွင်းကို နိုင်ငံခြားသား ခရီးသည်လာရောက်ခွင့် သုံးလ ပိတ်ပင်ခဲ့ဘူးတာကိုလည်း တွေ့ရပါတယ်။

 

MDN

ကိုးကား - AFP