ပြုံယမ်း ဇန်နဝါရီ ၁၆
မြောက်ကိုရီးယားနိုင်ငံသည် အစိုင်အခဲလောင်စာသုံး တိုက်ချင်းပစ် ပဲ့ထိန်းဒုံးကျည်ကို ဇန်နဝါရီ ၁၄ ရက်တွင် အောင်မြင်စွာ စမ်းသပ်ပစ်လွှတ်နိုင်ခဲ့ကြောင်း အင်န်အိတ်ချ်ကေ သတင်းတစ်ရပ်အရ သိရသည်။
အဆိုပါဒုံးကျည်တွင် အသံထက်မြန်သော ထိပ်ဖူးတစ်ခုပါရှိကြောင်းနှင့် အရည်အသွေးမြင့် ယုံကြည်စိတ်ချရသည့် အစိုင်အခဲလောင်စာသုံး အင်ဂျင်ပါရှိကြောင်း တာဝန်ရှိသူများက ပြောကြားသည်။
မြောက်ကိုရီးယားသည် တိုက်ချင်းပစ်ပဲ့ထိန်းဒုံးကျည်များ အသွင်ကူးပြောင်းမှုမှတစ်ဆင့် ဒုံးကျည် တိုက်ခိုက်မှုများကို လုပ်ဆောင်နိုင်စွမ်းတိုးမြှင့်ရန် ကြိုးစားနေသည်ဟု လေ့လာသူများက ပြောကြားသည်။ အသံ၏ အမြန်နှုန်းထက် ငါးဆခန့် ပျံသန်းနိုင်သော ဒုံးကျည်များတီထွင်မှုသည် မြောက်ကိုရီးယား၏ ငါးနှစ်ကြာ ကာကွယ်ရေးအစီအစဉ် တစ်စိတ်တစ်ပိုင်းဖြစ်ပြီး ၎င်းတို့ကိုပစ်ချရန် ခက်ခဲမည်ဟု လေ့လာသူများက ထပ်လောင်း ပြောကြားသည်။
ကိုးကား-အင်န်အိတ်ချ်ကေ
ဘာသာပြန်-စိုးသူရ