၁၃  မေ

 

ပြီးခဲ့သည့်အပတ်အတွင်း မြောက်ကိုရီးယားနိုင်ငံက တိုက်ချင်းပစ်ဒုံးကျည်တစ်စင်း ပစ်လွှတ်ခဲ့သော်လည်း မြောက်ကိုရီးယားနိုင်ငံနှင့် ထိပ်သီးဆွေးနွေးပွဲတစ်ရပ်ကျင်းပရန် ဆက်လက်ကြိုးပမ်းမည်ဖြစ်ကြောင်း ဂျပန်အစိုးရအဖွဲ့ အတွင်းရေးမှူးချုပ်က ပြောကြားသည်။

 

ဂျပန်အစိုးရအဖွဲ့ အတွင်းရေးမှူးချုပ်က ယိုရှီဟီဒါဆူဂါသည် တနင်္လာနေ့က အောက်လွှတ်တော်အစည်းအဝေး တွင် ယင်းသို့ ပြောကြားခဲ့ခြင်းဖြစ်သည်။

 

ပြီးခဲ့သည့် ကြာသပတေးနေ့တွင် မြောက်ကိုရီးယားနိုင်ငံက တာတို တိုက်ချင်းပစ်ဒုံးကျည်တစ်စင်း ပစ်လွှတ်ပြီး နောက် ဂျပန်အစိုးရက ကန့်ကွက်မှုတစ်ခု ပြုလုပ်ခဲ့သော်လည်း ဂျပန်ဝန်ကြီးချုပ် ရှင်ဇိုအာဘေး အနေဖြင့် ကြိုတင်သတ်မှတ်မှုများမပြုလုပ်ဘဲ ကင်ဂျုံအန်းနှင့် တွေ့ဆုံရန် သင့် မသင့် မေးမြန်းရာတွင် အစိုးရ၏ ရပ်တည်ချက်မှာ ပြောင်းလည်းမသွားကြောင်း ကက်ဘိနက် အတွင်းဝန်ချုပ်က ပြန်လည်ဖြေကြားခဲ့သည်။ 

 

ပြန်ပေးဆွဲမှုကိစ္စဖြေရှင်းရန် ကြိုတင်စည်းကမ်းမသတ်မှတ်ဘဲ ကင်ဂျုံအန်းနှင့်တွေ့ဆုံရန် အဆင်သင့်ရှိသည်ဟု အာဘေးက ထပ်တလဲလဲ ပြောကြားခဲ့သည်။

 

ကိုးကား-အန်အိတ်ချ်ကေ

ဘာသာပြန်-မေဇော်ထက်