၂၅ ဇူလိုင်
တောင်ကိုရီးယားရဲ့ အမေရိကန်နိုင်ငံနဲ့ ပူးတွဲစစ်ရေးလေ့ကျင့်မှု အစီစဉ်အပေါ် ပြင်းပြင်းထန်ထန် သတိပေးတဲ့အနေ နဲ့ ပုံစံအသစ်နဲ့ ထုတ်လုပ်ထားတဲ့ ဒုံးကျဉ်နှစ်စင်းကို မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအွန်ရဲ့ စောင့်ကြည့်မှုအောက်မှာ လွှတ်တင်ခဲ့တာဖြစ်ပါတယ်။
ဒီဒုံးကျဉ်သစ်ပစ်လွှတ်မှုဟာ မြောက်ကိုရီးယား ခေါင်းဆောင်နဲ့ အမေရိကန်သမ္မတတို့ တောင်-မြောက် စစ်ကင်းမဲ့ဇုံ (DMZ) မှာ ပြီးခဲ့တဲ့လက နျူကလီးယားဖျက်သိမ်းရေးအတွက် ဆွေးနွေးပွဲပြန်လည်စတင်ရန် သဘောတူညီပြီးနောက်ပိုင်း ပထမဦးဆုံး စမ်းသပ်ပစ်လွှတ်တာ ဖြစ်ပါတယ်။
တောင်ကိုရီးယားမှာ အမေရိကန် စစ်သား ၃၀ဝ၀ဝ နီးပါးက အမြဲတမ်းတပ်စွဲထားရာ အမေရိကန်တပ်နဲ့ တောင်ကိုရီးယားတပ်တို့ရဲ့ နှစ်စဉ် ပူးတွဲစစ်ရေးလေ့ကျင့်နေကြ သြဂုတ်လ ရောက်တိုင်း ပြုံးယမ်း ဒေါသပုန်ထရလေ့ ရှိပါတယ်။
မြောက်ကိုရီးရဲ့ ကြာသပတေးနေ့က ပစ်လွှတ်လိုက်တဲ့ ဒုံးကျဉ်တွေဟာ တာတိုပစ်တွေဖြစ်တယ်။ ကီလိုမီတာ ၄၅၀ နဲ့ ကီလိုမီတာ ၇၀ဝ နီးပါးအကွာ အထိပစ်လွတ်နိုင်တဲ့ ဒုံးကျဉ်တွေဖြစ်ပြီး ကိုရီးယားကျွန်းဆွယ်နဲ့ ဂျပန်ကြားရှိ ပင်လယ်မှာ ပေါက်ကွဲပြီးကျသွားကြောင်း တောင်ကိုရီးယားရဲ့ လေ့လာတွေ့ရှိချက်အရ သိရပါတယ်။
အမေရိကန် နိုင်ငံခြားရေးဝန်ကြီးကတော့ အခုစမ်းသပ်ပစ်လွှတ်မှုက ညှိနှိုင်းရေးအတွက် အချက်အလက် တစ်ခုသာဖြစ်တယ်။ ဆွေးနွေးပွဲအတွက် ဆက်လက်လုပ်ဆောင်မယ်လို့ ပြောပါတယ်။
MDN
ကိုးကား - AFP