မောက်မယ် ဇူလိုင် ၁
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မောက်မယ်မြို့နယ်၌ COVID-19 ရောဂါ ကြိုတင် ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် မြို့အဝင်/အထွက်ဂိတ်များတွင် စောင့်ကြည့်စစ်ဆေးခြင်း လုပ်ငန်းကို ယနေ့ နံနက် ၆ နာရီကစတင်ပြီး ပြန်လည်ဖွင့်လှစ်ခဲ့သည်။
အဆိုပါ စစ်ဆေးရေးအဖွဲ့တွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမြင့်ဇော်က ဦးဆောင်၍ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ကျန်းမာရေး၀န်ထမ်းများ၊ မြို့နယ်မီးသတ် တပ်ဖွဲ့၀င်များ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့် မြို့နယ်ကြက်ခြေနီတပ်ဖွဲ့၀င်များက ခရီးသွားလာ ပြည်သူများအား ကျန်းမာရေးစစ်ဆေးပေးခြင်း၊ လူဝင်/ လူထွက် စာရင်းကောက်ယူခြင်းများ ဆောင်ရွက်လျက်ရှိပြီး ပြည်ပမှနေရပ်ပြန်ခရီးသည် ပြည်သူများအား COVID-19 ကူးစက်ရောဂါ ကြိုတင်ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် ရောဂါဖြစ်ပွားမှုကို ကာကွယ်ရမည့် နည်းလမ်းများ အသိပညာပေးပြီး ရှမ်းပြည်နယ် COVID-19 ကော်မတီလမ်းညွှန်ချက်နှင့်အညီ ခရီးသွား ပြည်သူများအား ညနေ ၆ နာရီအထိ စစ်ဆေးဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
စိုင်းမျိုးသန့်(မောက်မယ်)


