နေပြည်တော် ၁ သြဂုတ်

ယနေ့နံနက် မြန်မာစံတော်ချိန် ၉ နာရီ၊ ၂၉ မိနစ်၊ ၅၃ စက္ကန့် တွင် နမ့်စန်မြေငလျင်စခန်းမှ တောင်ဘက် (၅၈)မိုင် ခန့်ကွာဝေးသော မြန်မာနိုင်ငံ ပြည်တွင်း မောက်မယ်မြို့၏ အရှေ့တောင်ဘက် (၂၃)မိုင် ခန့်အကွာ) ကို ဗဟိုပြုကာ အင်အား အင်အားရစ်(ခ်)တာစကေး(၃.၅)အဆင့်ရှိ အင်အားအနည်းငယ်ရှိသော မြေငလျင်တစ်ခု လှုပ်ရှားသွားကြောင်း မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ သိရသည်။

အဆိုပါ မြေငလျင်သည် မြောက်လတ္တီတွဒ် (၂၀.၁၀)ဒီဂရီ၊ အရှေ့လောင်ဂျီတွဒ် (၉၈.ဝ၅)ဒီဂရီ၊ အနက် (၁၀)ကီလိုမီတာကို ဗဟိုပြု၍ လှုပ်ခတ်ခြင်းဖြစ်ကြောင်း သိရသည်။

MDN