မောက်မယ် ၁၁ မေ
ရှမ်းပြည်နယ် (တောင်ပိုင်း) လင်းခေးခရိုင် မောက်မယ်မြို့နယ် ကဒူးကြီး ကျေးရွာအုပ်စု မိုက်ဟိုင်း ကျေးရွာနှင့် ဗန်းမတ်(ကျောင်းနား)ကျေးရွာတွင် မေလ ၁၀ ရက်နေ့ညနေ ၄ နာရီခန့်က မိုးသက်လေပြင်း တိုက်ခတ်မှုကြောင့် ဘုန်းကြီးကျောင်း ၊ လူနေအိမ်အချို့နှင့် စာသင်ကျောင်း အမိုးလန် ပျက်စီးခဲ့ကြောင်း သိရသည်။
မိုးသက်လေပြင်း တိုက်ခတ်မှုကြောင့် မိုက်ဟိုင်းကျေးရွာတွင် လူနေအိမ်(၆)လုံး အမိုးလန်ပျက်စီးခြင်း၊ ပေ ၃၀ × ၆၀ ကိုယ်ထူကိုယ်ထ စာသင်ကျောင်း ထရံကွာပျက်စီးခြင်း ၊ ဗန်းမတ် (ကျောင်းနား) ကျေးရွာတွင် လူနေအိမ် (၂)လုံး နှင့် ဘုန်းကြီးကျောင်း အမိုးလန်ပျက်စီးခြင်းများ ဖြစ်ပွားခဲ့ရာ မြို့နယ်မှ တာဝန်ရှိသူများနှင့် ကျေးရွာအုပ်ချုပ်ရေးမှူး ၊ ရပ်မိရပ်ဖများမှ ပူးပေါင်းဆောင်ရွက်ပေးလျှက်ရှိပြီး အဆိုပါ ဖြစ်စဉ်ကြောင့် လူနှင့်တိရိစ္ဆာန်များ ထိခိုက်သေဆုံးမှု မရှိကြောင်း သိရသည်။
စိုင်းမျိုးသန့်( မောက်မယ်)


