မောက်မယ်၊ ၃၀ မေ
ရှမ်းပြည်နယ် (တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မောက်မယ်မြို့နယ် အခြေခံပညာ အထက်တန်းကျောင်း၊ နှင်းဆီဆောင်ခန်းမ၌ ၂၀၂၁-၂၀၂၂ ပညာသင်နှစ် မြို့နယ်အဆင့် ကျောင်းအပ်နှံရေးနေ့ အခမ်းအနားကို မေ ၃၀ ရက် နံနက် ၉ နာရီက ကျင်းပသည်။
ရှေးဉီးစွာ အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဉီးမြင့်ဇော်၊ နယ်မြေခံတပ်ရင်းမှူး ဗိုလ်မှူးကျော်သက်နှင့် ခရိုင်ပညာရေးမှူး ဉီးညီညီတို့က အမှာစကားအသီးသီး ပြောကြားခဲ့ကြပြီး မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များတို့က ပုံနှိပ်စာအုပ်၊ ကျောင်းသုံးဗလာစာအုပ်နှင့် ကျောင်းသုံးပစ္စည်းများ အခမဲ့ပေးအပ်ရာ မောက်မယ် အ.ထ.က ကျောင်းအုပ်ဆရာမကြီး၊ စျေးတန်း အ.လ.က(ခွဲ) ကျောင်းအုပ်ဆရာမကြီး၊ အ.မ.က မွေတော် ကျောင်းအုပ်ဆရာကြီးတို့က လက်ခံရယူသည်။
အခမ်းအနားသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ နယ်မြေခံတပ်ရင်းမှ တပ်ရင်းမှူး၊ ဌာနဆိုင်အကြီးအကဲများနှင့် ဆရာ/ဆရာမများ တက်ရောက်ခဲ့ကြသည်။
စိုင်းမျိုးသန့်(ပြန်/ဆက်)


