မောက်မယ် ၁၅ မေ
ရှမ်းပြည်နယ်(တောင်ပိုင်း) ၊ လင်းခေးခရိုင် ၊ မောက်မယ်မြို့နယ် ၊ ကွန်ကျိုင်းရပ်ကွက် အတွင်းရှိ ဒေသခံ ပြည်သူများ၏ ကျန်ရှိနေသေးသည့် အိမ်ခြံများနှစ် (၃၀) မြေငှားဂရန်ရရှိရေး မြေပြင်ကွင်းဆင်း တိုင်းတာခြင်း လုပ်ငန်းကို ယမန်နေ့ နံနက် ၈ နာရီက ဆောင်ရွက်ခဲ့သည်။
မောက်မယ်မြို့ ကွန်ကျိုင်းရပ်ကွက်တွင် မြေငှားဂရန် ရရှိပြီးသူ(၂၆)ဦးရရှိပြီးဖြစ်ရာ ကျန်ရှိနေသေးသည့် (၂၂)ဦး အတွက် မြေငှားဂရန်ရရှိရေး မြေပြင်ကွင်းဆင်းတိုင်းတာခြင်း လုပ်ငန်းကို မြို့နယ်လယ်ယာမြေ စီမံခန့်ခွဲမှု ကော်မတီဉက္ကဋ္ဌ ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဉီးဟန်သူရ၊ မြေစာရင်း ဝန်ထမ်းများ ၊ ရပ်ကွက် အုပ်ချုပ်ရေးမှူးနှင့် စာရေးဝန်ထမ်းများက ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
စိုင်းမျိုးသန့်(မောက်မယ်)


