မောက်မယ်   ၁၂   မေ

ရှမ်းပြည်နယ် (တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မောက်မယ်မြို့နယ်၊ ဟိုနမ့်ကျေးရွာအုပ်စု၊ ကျေးရွာ(၅)ရွာတွင် မေလ ၁၁ ရက်နေ့ညနေ ၃ နာရီခွဲခန့်က မိုးသက်လေပြင်းတိုက်ခတ်မှုကြောင့်  လူနေအိမ်အချို့ အမိုးလန်  ပျက်စီးခဲ့ကြောင်း သိရသည်။

 

မိုးသက်လေပြင်းတိုက်ခတ်မှုကြောင့်  ဆိုင်းငင်းကျေးရွာတွင် လူနေအိမ်(၂)လုံး၊ လွိုင်ခွင်(ရွာသစ်) ကျေးရွာတွင် လူနေအိမ်(၁)လုံး၊ ခူဝိန်းကျေးရွာတွင် လူနေအိမ်(၁)လုံး၊ နောင်ဗိုကျေးရွာတွင် လူနေအိမ်(၁)လုံး အမိုးလန်ပျက်စီးခြင်းများ ဖြစ်ပွားခဲ့ရာ မြို့နယ်မှတာ၀န်ရှိသူများနှင့် ကျေးရွာအုပ်ချုပ်ရေးမှူး၊ ရပ်မိရပ်ဖများမှ ပူးပေါင်းဆောင်ရွက်ပေးလျက်ရှိပြီး အဆိုပါဖြစ်စဉ်ကြောင့် လူနှင့်တိရစ္ဆာန်များ  ထိခိုက်သေဆုံးမှုမရှိကြောင်း သိရသည်။

စိုင်းမျိုးသန့်( မောက်မယ်)