မောက်မယ် ၅ မေ
ရှမ်းပြည်နယ်(တောင်ပိုင်း) လင်းခေးခရိုင် မောက်မယ်မြို့နယ်တွင် ကမ္ဘာ့ဘဏ်နှင့် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဉီးစီးဌာနတို့ ပူးပေါင်း အကောင်အထည်ဖော် ဆောင်ရွက်လျှက်ရှိသော လူထု ဗဟိုပြု စီမံကိန်း (ဒုတိယနှစ်)စက်ဝန်းတွင် ထောက်ပံ့ရံပုံငွေ ကျပ်သိန်း (၇၅၀)ဖြင့် ကဒူးကြီးကျေးရွာ အုပ်စု အတွင်းရှိ ကျေးရွာပေါင်း (၂၃)ရွာ၌ လုပ်ငန်းခွဲပေါင်း (၁၄)ခုအား ဆောင်ရွက်လျှက်ရှိရာ အရည်းအသွေး စံချိန်စံညွှန်း ပြည့်မီရေးအတွက် စီမံကိန်းတာဝန်ခံ ဉီးဝန်းမြတ်သူ နှင့် သတင်းပြန်ကြားရေးတာဝန်ခံ ဒေါ်အိအိမွန်တို့က ကျေးရွာကော်မတီဝင်များ ၊ ဒေသခံများနှင့်တွေ့ဆုံပြီး စီမံကိန်း လုပ်ငန်း ဆောင်ရွက်မှု များနှင့် စပ်လျဉ်း၍ အပြန်အလှန်ဆွေးနွေးခြင်း ၊ စီမံကိန်း လုပ်ငန်းခွဲများကို ကွင်းဆင်း စစ်ဆေးခြင်း များကို ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
မောက်မယ်မြို့နယ် လူထုဗဟိုပြု စီမံကိန်း အနေဖြင့် ကဒူးကြီးဒေသအတွင်း အဓိကလိုအပ်ချက် ဖြစ်သည့် မီးလင်းရေး ၊ ကျေးရွာလူထုခန်းမဆောင် ဆောက်လုပ်ခြင်း ၊ ရေရရှိရေး ၊ ကျေးရွာ ကွန်ကရစ်လမ်းနှင့် ရေတားတမံ လုပ်ငန်းများကို အကောင်အထည် ဖောင်ဆောင်ရွက် လျှက်ရှိရာ မေလကုန်တွင် လုပ်ငန်းခွဲများအားလုံး ပြီးစီးမည်ဖြစ်ကြောင်း သိရသည်။
မောက်မယ်(ပြန်/ဆက်)


