မောက်မယ်   ၆   မေ

ရှမ်းပြည်နယ် (တောင်ပိုင်း) လင်းခေးခရိုင် မောက်မယ်မြို့နယ်တွင် ကမ္ဘာ့ဘဏ်နှင့် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနတို့ ပူးပေါင်း ကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသော လူထုဗဟိုပြုစီမံကိန်း (ဒုတိယနှစ်) စက်၀န်းတွင်  ထောက်ပံ့ရံပုံငွေ ကျပ်သိန်း ၇၅၀ ဖြင့် ကဒူးကြီးကျေးရွာအုပ်စုအတွင်းရှိ ကျေးရွာပေါင်း (၂၃)ရွာ၌ လုပ်ငန်းခွဲပေါင်း (၁၄)ခုအား ဆောင်ရွက်လျက်ရှှိရာ အရည်အသွေး စံချိန် စံညွှန်း ပြည့်မီရေးအတွက် စီမံကိန်းတာ၀န်ခံ ဦး၀င်းမြတ်သူနှင့် သတင်းပြန်ကြားရေးတာ၀န်ခံ ဒေါ်အိအိမွန် တို့က ကျေးရွာကော်မတီ၀င်များ၊ ဒေသခံများနှင့်တွေ့ဆုံပြီး စီမံကိန်းလုပ်ငန်းဆောင်ရွက်မှုများနှင့် စပ်လျဉ်း၍ အပြန်အလှန်ဆွေးနွေးခြင်း၊ စီမံကိန်းလုပ်ငန်းခွဲများအား ကွင်းဆင်းစစ်ဆေးခြင်းများကို ဆောင်ရွက်လျက် ရှိသည်။

 

မောက်မယ်မြို့နယ် လူထုဗဟိုပြုစီမံကိန်းအနေဖြင့် ကဒူးကြီးဒေသအတွင်း အဓိက လိုအပ်ချက်ဖြစ်သည့် မီးလင်းရေး၊  ကျေးရွာလူထုခန်းမဆောင် ဆောက်လုပ်ခြင်း၊ ရေရရှိရေး၊ ကျေးရွာကွန်ကရစ်လမ်းနှင့် ရေတားတမံလုပ်ငန်းများကို အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိရာ မေလကုန်တွင် လုပ်ငန်းခွဲများအားလုံး ပြီးစီးမည်ဖြစ်ကြောင်း သိရသည်။

စိုင်းမျိုးသန့်(မောက်မယ်)