မောက်မယ် အောက်တိုဘာ ၁၈
ရှမ်းပြည်နယ် ( တောင်ပိုင်း ) ၊ လင်းခေးခရိုင် ၊ မောက်မယ်မြို့နယ်အတွင်း အသက် ၁၂ နှစ်နှင့် အထက် ကျောင်းသား ကျောင်းသူများအား ကိုဗစ်−၁၉ ရောဂါ ကာကွယ်ဆေး(Sinovac) ပထမအကြိမ် ထိုးနှံခြင်းကို ယနေ့နံနက်၉နာရီက မောက်မယ်မြို့ အခြေခံပညာအထက်တန်းကျောင်းတွင် စတင်ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
ထိုသို့ ကိုဗစ်−၁၉ရောဂါ ကာကွယ်ဆေးလာရောက်ထိုးနှံရာတွင် မိဘအုပ်ထိန်းသူများ၏ ခွင့်ပြုချက်ဖြင့် ထိုးနှံပေးသွားမည်ဖြစ်ပြီး ကာကွယ်ဆေးထိုးနှံခြင်းမပြုမီ ကျန်းမာရေးဦးစီးဌာနမှ တာဝန်ရှိသူများက လက်သန့်ဆေးရည်ဖြင့် လက်ဆေးစေခြင်း ၊ ကိုယ်အပူချိန်တိုင်းတာပေးခြင်း ၊ သွေးပေါင် ချိန်တိုင်းတာပေးခြင်း ၊ သွေးအတွင်း အောက်စီဂျင်ပါဝင်မှု တိုင်းတာပေးခြင်းနှင့် စာရင်းသွင်းခြင်း တို့ကို ဆောင်ရွက်ပေးပြီး ပုံမှန်အနေအထားရှိမှသာ COVID-19 ရောဂါကာကွယ်ဆေးကို တရုတ်နိုင်ငံထုတ် (Sinovac) အမျိုးအစားကာကွယ်ဆေးအား ဆေးတစ်လုံးလျှင်လူနှစ်ယောက်နှုန်းဖြင့် စနစ်တကျ ထိုးနှံပေးခဲ့သည်။
စိုင်းမျိုးသန့်( မောက်မယ်)


