မောက်မယ် ၂၄ အောက်တိုဘာ
ရှမ်းပြည်နယ်(တောင်ပိုင်း) လင်းခေးခရိုင် မောက်မယ်မြို့နယ်၌ ၂၀၂၀ပြည့်နှစ် နိုဝင်ဘာလ ၈ရက်နေ့တွင် ကျင်းပမည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် မဲဆန္ဒနယ်နှစ်ခုမှ ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ ဦးရေ ၂၂၁၉၀ ရှိကြောင်း မောက်မယ်မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှ နောက်ဆုံးအကြိမ် ထုတ်ပြန်ကြေညာသည့် မဲဆန္ဒရှင်စာရင်းများအရ သိရသည်။
မောက်မယ်မြို့နယ်အတွင်း ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော်၊ ပြည်နယ်လွှတ်တော်၊ လွတ်တော် ၃ ရပ်အပြင် တိုင်းရင်းသားလူမျိုးများ မဲဆန္ဒနယ်အတွက် ဗမာတိုင်းရင်းသား(၁၁၂၃)ဦး၊ အင်းသားတိုင်းရင်းသား (၄၁)ဦး၊ ကချင် တိုင်းရင်းသား (၉)ဦး၊ လားဟူတိုင်းရင်းသား(၂)ဦး၊ လီဆူတိုင်းရင်းသား (၄)ဦး၊ ကယန်း/ ပဒေါင် တိုင်းရင်းသား (၁၃၈)ဦး၊ အခါတိုင်းရင်းသား(၁)ဦး ရှိကြောင်းနှင့် မောက်မယ်မြို့နယ်တွင် ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ(၂၂၁၉၀)ဦး ရှိပြီး မဲဆန္ဒနယ်အမှတ်(၁)တွင် မဲရုံ (၁ )ရုံ၊ မဲဆန္ဒနယ်အမှတ်(၂)တွင် မဲရုံ (၁၃)ရုံ စုစုပေါင်းမဲရုံ (၃၂) ရုံ ဆောင်ရွက်ထားရှိကြောင်း သိရသည်။
စိုင်းမျိုးသန့်(မောက်မယ်)


