မောက်မယ်၊ ၁၅ ဒီဇင်ဘာ
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မောက်မယ်မြို့နယ်၌ ဒီဇင်ဘာ ၄ ရက်မှ ၁၄ ရက်အထိ ပူးပေါင်းအဖွဲ့များမှ အမြင့် နှစ်ပေခွဲခန့်ရှိ သီးပွင့်ဆဲ ဘိန်းခင်း ၉ ဧကခန့်အား ဖျက်ဆီးခဲ့သည်။
အဆိုပါ ပူးပေါင်းအဖွဲ့သည် ပန်းတန်ကျေးရွာအုပ်စုရှိ ပန်တခွါးကျေးရွာ၊ လွိုင်ကောင်ကျေးရွာနှင့် ပန်းတန်ကျေးရွာ ပတ်ဝန်းကျင်ရှိ ဘိန်းစိုက်ခင်းများအား စုပေါင်းဖျက်ဆီးခဲ့ကြောင်း သိရသည်။
စိုင်းမျိုးသန့်(မောက်မယ်)


