မောက်မယ် ဇွန် ၂၀

 

 

ရှမ်းပြည်နယ်(တောင်ပိုင်း) လင်းခေးခရိုင်၊ မောက်မယ်မြို့နယ်ရှိ ဒေသခံတောင်သူများ၏ မိုးရာသီ သီးနှံစိုက်ပျိုးချိန်အမီ တောင်ယာများ တိုးချဲ့ စိုက်ပျိုးလုပ်ကိုင်ခြင်းကို စက်ယန္တရားကြီးများ ငှားရမ်းသုံးစွဲလာကြကြောင်း သိရသည်။

 

 

ထိုကဲ့သို့ စက်ယန္တရားကြီးများသုံးစွဲခြင်းဖြင့် စရိတ်အကုန်အကျသက်သာပြီး စျေးကွက်ဝင် သီးနှံများကို အချိန်မီ စိုက်ပျိုးနိုင်ကြောင်းလည်း သိရသည်။ အစကတော့ စက်သုံးဆီစျေးကြီးလို့ သစ်ပင်ခုတ်တာ၊ သစ်မြစ်တူးတာတွေ လူငှားနဲ့လုပ်တာ၊ ရက်ပိုကြာပြီး အချိန်ပိုကုန်လို့ ငွေပိုကုန်တယ်၊ စက်ယန္တရားကြီး ငှားလိုက်တော့ အချိန်တိုတိုနဲ့ အလုပ်ပြီးတယ်၊ စက်ငှားခကြတော့ တစ်နာရီ ၆၅၀၀၀ ကျပ်၊ မြေညှိလယ်ထွန်စက် တစ်နာရီကို ၄၀၀၀၀ ကျပ် ပေးရတော့ မြန်လဲမြန်တယ် ပိုတန်ပါတယ်ဟု ခြံပိုရှင် ဦးစိုင်းဆိုင်လိန်းက ပြောပြသည်။

 

 

စိုင်းမျိုးသန့်(မောက်မယ်)