မောက်မယ်၊ ၃၀ မေ

 

ရှမ်းပြည်နယ် (တောင်ပိုင်း) လင်းခေးခရိုင်၊ မောက်မယ်မြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာ ဦးစီးဌာနမှူးရုံးမှ ဝန်ထမ်းများက မေ ၂၉ ရက်က ပန်းတန်ကျေးရွာအုပ်စု၊ ဖာစန်းကျေးရွာနှင့် လွိုင်ဆမ်ဆစ်ကျေးရွာသို့ ပန်းခင်းစီမံချက်ဖြင့် အိမ်ထောင်စု လူဦးရေစာရင်းနှင့် နိုင်ငံသား စိစစ်ရေးကတ်ပြားများ ကွင်းဆင်း ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

 

ထိုသို့ဆောင်ရွက်ရာတွင် အိမ်ထောင်စုဇယားနှင့် အသက် (၁၈) နှစ်ပြည့်၊ လဲလှယ်၊ မိတ္တူ နိုင်ငံသားစိစစ်ရေး ကတ်ပြားများ ရရှိစေရေးအတွက် ဒေသခံတိုင်းရင်းသားများအား နိုင်ငံသားစိစစ်ရေး ကတ်ပြားများနှင့် အိမ်ထောင်စုဇယားများ ကွင်းဆင်းပြုလုပ်ပေးခဲ့ပြီး ကျန်ရှိနေသေးသည့် မောက်မယ်မြို့နယ်အတွင်းရှိ ကျေးရွာများမှ ပြည်သူများအား ဆက်လက် ဆောင်ရွက်ပေးသွားမည် ဖြစ်ကြောင်း မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာ ဦးစီးဌာနမှူးရုံးမှ မြို့နယ်ဦးစီးမှူး ဦးစိုင်းစိုးစိုးလွင်ထံမှ သိရသည်။

 

စိုင်းမျိုးသန့်(မောက်မယ်)

 

mdn