မောက်မယ် နိုဝင်ဘာ ၁၅
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မောက်မယ်မြို့နယ်၌ နိုဝင်ဘာ ၁၄ ရက်က RDT ဖြင့် စစ်ဆေးသူ ၂၁၇ ဦးတွင် ရောဂါပိုးတွေ့ရှိသူ လူနာသစ် ၇ ဦး ထပ်မံတွေ့ရှိခဲ့ပြီး ကျန်းမာရေးကောင်းမွန်၍ ဆေးရုံဆင်းခွင့်ရရှိသူ ၅ ဦး လက်ကျန်လူနာ ၁၅၅ ဦး ကျန်ရှိကြောင်း ကျန်းမာရေးဦးစီးဌာန၏ စာရင်းများအရ သိရသည်။
မောက်မယ်မြို့နယ်တွင် ဇူလိုင် ၁၉ ရက်မှ နိုဝင်ဘာ ၁၄ ရက်အထိ ကိုဗစ်-၁၉ ရောဂါတွေ့ရှိသည့် အတည်ပြုလူနာများ ၃၈၉ ဦးအနက် သေဆုံးသူ ၄ ဦးရှိ၍ ကျန်းမာရေးကောင်းမွန်ပြီး ဆေးရုံဆင်းခွင့်ရရှိသူ ၂၃၀ ဦးရှိကာ ၁၅၅ ဦးသည် ဆေးကုသခံယူနေကြောင်း ကျန်းမာရေးဦးစီးဌာန၏ သတင်းများအရ သိရသည်။
စိုင်းမျိုးသန့်(မောက်မယ်)


