မောက်မယ် နိုဝင်ဘာ ၁၇

 

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မောက်မယ်မြို့နယ်၌ နိုဝင်ဘာ ၁၆ ရက်က RDT ဖြင့် စစ်ဆေးသူ ၂၄၀ တွင် ရောဂါပိုးတွေ့ရှိသူ လူနာသစ် ၁၈ ဦး ထပ်မံတွေ့ရှိခဲ့ကြောင်း သိရသည်။

 

ဇူလိုင် ၁၉ ရက်မှ နိုဝင်ဘာ ၁၆ ရက်အထိ ကိုဗစ်-၁၉ ရောဂါတွေ့ရှိသည့် အတည်ပြုလူနာ (၄၂၃) ဦးအထိ ရှိလာပြီး ပိုးတွေ့လူနာများထဲတွင် ခွဲစိတ်မွေးဖွားရမည့် ကိုယ်ဝန်ဆောင်မိခင်တစ်ဦးအား နိုဝင်ဘာ ၁၆ ရက် မွန်းလွဲ ၃ နာရီ ၅ မိနစ်က ခွဲစိတ်မွေးဖွားပေးခဲ့ရာ သားယောက်ျားလေးတစ်ဦး အောင်မြင်စွာ မွေးဖွားပေးနိုင်ခဲ့ကြောင်း မြို့နယ်ကျန်းမာရေးဦးစီးဌာနမှ သိရသည်။

 

စိုင်းမျိုးသန့်(မောက်မယ်)