မောက်မယ်၊ ၁၆ ဒီဇင်ဘာ
ရှမ်းပြည်နယ်(တောင်ပိုင်း) လင်းခေးခရိုင် မောက်မယ်မြို့နယ်၌ ဘက်စုံအဆင့်မြင့်နည်းပညာဖြင့် စိုက်ပျိုးသည့် မျိုးသန့်ပွား၊ မျိုးစေ့ထုတ်လုပ်ငန်းများတွင် စိုက်ပျိုးရေးနည်းပညာများကို မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ ပံ့ပိုးကူညီဆောင်ရွက်ပေးပြီး ယခုနှစ်တွင် ပဲတီစိမ်းသီးနှံ (ရေဆင်း−၁၁)မျိုးကို မြေဧက(၄၀) တွင် စိုက်ပျိုးခဲ့ရာ သီးနှံများ ဖြစ်ထွန်းအောင်မြင်ကြောင်း သိရသည်။
ယခင်နှစ်တွင် ပဲတီစိမ်း တစ်ပိဿာလျှင် ငွေကျပ် ၈၀ဝ နှုန်းသာရရှိပြီး ယခုနှစ်တွင် တစ်ပိဿာ ငွေကျပ် ၂၀၀ဝ နှုန်းရရှိသဖြင့် ပဲတီစိမ်းစိုက်တောင်သူများ စျေးကောင်းရရှိပြီး ဝင်ငွေတိုး၍ အဆင်ပြေလျက်ရှိကြောင်း မောက်မယ်မြို့နယ် စဉ့်ဝင်ကျေးရွာအုပ်စု ရွာသစ်ကျေးရွာနေ တောင်သူဦးစိုင်းကျော်၏ ပြောကြားချက်အရ သိရသည်။
စိုင်းမျိုးသန့်(မောက်မယ်)