မောက်မယ် ဇူလိုင် ၃
ရှမ်းပြည်နယ် (တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မောက်မယ်မြို့နယ်၌ ၂၀၂၁ ခုနှစ် မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌဖလား အမျိုးသားအသက် (၂၅) နှစ်အောက် ဖူဆယ်ဘောလုံးပြိုင်ပွဲကို နမ့်ယွမ်းဂေါက်ကွင်းတွင် ဇူလိုင် ၃ ရက် နံနက်ပိုင်းက ကျင်းပသည်။
ပြိုင်ပွဲတွင် မွေတော်လူငယ်အသင်းနှင့် ဟိုနမ့်လူငယ်အသင်းတို့ စတင်ယှဉ်ပြိုင်ပြီး ၁၂ သင်း ပါဝင်ယှဉ်ပြိုင် ကစားမည်ဖြစ်ကာ ဇူလိုင် ၃ ရက်မှ ၇ ရက်အထိ တစ်နေ့လျှင် လေးပွဲ ယှဉ်ပြိုင် ကစားသွားမည်ဖြစ်သည်။ ပြိုင်ပွဲများကို ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ ကိုဗစ်-၁၉ ရောဂါဆိုင်ရာ ထုတ်ပြန်ထားရှိသော စည်းကမ်းသတ်မှတ်ချက်များနှင့်အညီ ယှဉ်ပြိုင်ကစား သွားမည်ဖြစ်ကြောင်း မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာနမှ သိရသည်။
စိုင်းမျိုးသန့်(မောက်မယ်)