မောက်မယ် ၁၁ မေ
ရှမ်းပြည်နယ် ( တောင်ပိုင်း ) ၊ လင်းခေးခရိုင် ၊ မောက်မယ်မြို့နယ် သစ်တောဦးစီးဌာနမှ မြို့နယ်အတွင်း သဘာဝ ပတ်ဝန်းကျင် စိမ်းလန်းစိုပြည်ရေးအတွက် ဒေသနှင့်ကိုက်ညီသည့် ပျိုးပင်ပေါင်း ၅၀ဝ၀ဝ ကျော်ကို ပျိုးထောင်ထားရှိပြီး အခမဲ့ဖြန့်ဝေ စိုက်ပျိုးသွားမည်ဖြစ်ကြောင်း သိရသည်။
မောက်မယ်မြို့နယ် သစ်တောဉီးစီးဌာန အနေဖြင့် မိုးရာသီ ကာလအတွင်း စိုက်ပျိုးနိုင်ရန်ဒေသနှင့် ကိုက်ညီသည့် ကျွန်း ၊ ပျဉ်းကတိုး ၊ မယ်ဇလီ ၊ စိန်ပန်းနီ ၊ စိန်ပန်းပြာ ၊ စိန်တံခြူ ၊ ရေသင်းဝင် ၊ ရေတမာ ၊ လျှော်ဖြူ ၊ ဗန်ဒါနှင့် နှစ်ရှည်သီးနှံ စားပင်များဖြစ်သော သရက် ၊ ပိန္နဲ ၊ ထောပတ် ၊ ဒန့်သလွန် ၊ ကြောင်လျှာပင်များကို မောက်မယ်မြို့မ ပျိုးဉယျာဉ်နှင့် ဟိုနမ့်တိုက်နယ် ပျိုးဉယျာဉ်တို့တွင် ပျိုးပင်ပေါင်း (၅၀ဝ၀ဝ) ကျော်ပျိုးထောင်ထားရှိကြောင်းနှင့် လာမည့်ဇွန် ၊ ဇူလိုင်မိုးရာသီ ကာလအတွင်း မြို့နယ် အတွင်းရှိ ကျေးရွာများ ၊ လမ်းဘေး ဝဲ/ယာများ ၊ အခြေခံပညာကျောင်းများ ၊ ဌာနဆိုင်ရာရုံးများ ၊ တပ်ရင်း တပ်ဖွဲ့များတွင် စိုက်ပျိုးနိုင်ရန် အခမဲ့ ဖြန့်ဝေ စိုက်ပျိုးသွားမည်ဖြစ်ကြောင်း မြို့နယ်သစ်တော ဦးစီးဌာနမှ တာဝန်ခံတောအုပ် ဦးဇော်ညို၏ ပြောကြားချက်အရ သိရသည်။
စိုင်းမျိုးသန့်( မောက်မယ်)


