မောက်မယ် ၁၅ အောက်တိုဘာ
COVIDE-19 စီးပွားရေးကုစားမှုအစီအစဉ်အရ ရှမ်းပြည်နယ် ( တောင်ပိုင်း ) ၊ လင်းခေးခရိုင် ၊ မောက်မယ်မြို့နယ်အတွင်း မသန်စွမ်းသူများအား လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချ ထားရေးဝန်ကြီးဌာနမှ ထောက်ပံ့ငွေများကို မောက်မယ်မြို့ပေါ် ၇ ရပ်ကွက်တွင် ယမန်နေ့ မွန်းလွဲပိုင်းက စတင်၍ လူမှုဝန်ထမ်းဦးစီးဌာနမှ ဝန်ထမ်းများက အိမ်တိုင်ရာရောက် လိုက်လံ ထောက်ပံ့ ပေးအပ်ခဲ့ကြောင်း သိရသည်။
မောက်မယ်မြို့နယ်၌ မြို့ပေါ်ရပ်ကွက် ၇ ရပ်ကွက်တွင် မသန်စွမ်းသူများ (၁၂)ဦး ရှိရာ တစ်ဦးလျင် ကျပ်သုံးသောင်းစီ ထောက်ပံ့ပေးပြီး ကျေးရွာအုပ်စု ၈ အုပ်စုရှိကျေးရွာများမှ မသန်စွမ်း သူ( ၈၁ )ဦးအား ဆက်လက်၍ လိုက်လံထောက်ပံ့ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
စိုင်းမျိုးသန့်( မောက်မယ်)


