မောက်မယ်              ၁၃      ဇွန်

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင် ၊ မောက်မယ်မြို့နယ်အတွင်းရှိ ပညာရေး ဝန်ထမ်းများ ၊ ဆရာ/ဆရာမ များအားCOVID-19ရောဂါကာကွယ်ဆေးထိုးနှံခြင်းကို  ယမန်နေ့ နံနက် ၉ နာရီခွဲက မောက်မယ်မြို့နယ် ၊ မွေတော်ရပ်ကွက်ရှိ နမ့်ယွန်းခန်းမ၌ ကျင်းပခဲ့သည်။

အဆိုပါ COVID-19ရောဂါကာကွယ်ဆေး ထိုးနှံပေးခြင်းကို မောက်မယ်မြို့နယ်အတွင်းရှိ ပညာရေးဝန်ထမ်းများတို့အား  သူနာပြုများက အပူချိန်တိုင်းတာခြင်း ၊ သွေးပေါင်ချိန်တိုင်းတာ ခြင်းများ ဆောင်ရွက်၍ COVID-19 ရောဂါကာကွယ်ဆေး ထိုးနှံပေးခဲ့ ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)