မောက်မယ်မြို့နယ်ရှိ အခြေခံပညာကျောင်းများ၌ ကျောင်းသား ကျောင်းသူများအား စတင်ကျောင်းအပ်လက်ခံ

မောက်မယ် မေ ၂၃

 

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မောက်မယ်မြို့နယ်တွင် ၂၀၂၃−၂၀၂၄ ပညာသင်နှစ်အတွက် မေ ၂၃ ရက် နံနက်ပိုင်းမှစ၍ ကျောင်းသား ကျောင်းသူများအား ကျောင်းအပ် စတင်လက်ခံနေပြီဖြစ်သည်။

 

မောက်မယ်မြို့နယ်၌ အခြေခံပညာအထက်တန်းကျောင်း နှစ်ကျောင်း၊ အလယ်တန်းကျောင်း တစ်ကျောင်း၊ အလယ်တန်းကျောင်းခွဲ လေးကျောင်း၊ မူလတန်းလွန်ကျောင်း ၁၁ ကျောင်း၊ မူလတန်းကျောင်း ၃၅ ကျောင်း၊ မူလတန်းကျောင်းခွဲ လေးကျောင်း စုစုပေါင်း ၅၇ ကျောင်းရှိရာ ၂၀၂၃−၂၀၂၄ ပညာသင်နှစ်အတွက် KG နှင့် Grade-1 မှ Grade-11 အထိ ကျောင်းသား ကျောင်းသူများက  ကျောင်းလာရောက် အပ်ကြပြီး KG နှင့် Grade-1 မှ Grade-5 အထိ ပုံနှိပ်စာအုပ်၊ ဗလာစာအုပ်၊ ခဲတံနှင့် ကျောင်းဝတ်စုံ၊ Grade-6 မှ Grade-12 အထိ ပုံနှိပ်စာအုပ်၊ ဗလာစာအုပ်၊ ဘောပင်နှင့် ခဲတံတို့ကို နိုင်ငံတော်က အခမဲ့ထောက်ပံ့ပေးအပ်ကြောင်း သိရသည်။

                                                                                                                                                                       

စိုင်းမျိုးသန့်(မောက်မယ်)