ရန်ကုန် မတ် ၁၉

 

ရန်ကုန်တိုင်းဒေသကြီး မြောက်ဥက္ကလာပမြို့နယ် မြို့နယ်မီးသတ်ဦးစီးဌာနနှင့် ဆေးတက္ကသိုလ်(၂)တို့ ပူးပေါင်း၍ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး အသိပညာပေးခြင်းနှင့် မီးငြှိမ်းသတ်ရေးလေ့ကျင့်ခြင်းကို ဆေးတက္ကသိုလ်(၂)ခြံဝင်းအတွင်း၌ ကွင်းဆင်းဆောင်ရွက်ရာ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးမိုးသူ၊ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီအတွင်းရေးမှူး ယာယီရဲမှူး မျိုးအောင်၊ ဆရာ ဆရာမများ၊ သင်တန်းသား သင်တန်းသူများ တက်ရောက်ကြသည်။

 

ထို့သို့ဆောင်ရွက်ရာတွင် မြောက်ဥက္ကလာပမြို့နယ်မီးသတ်ဦးစီးမှူး ဦးစည်သူမျိုးနှင့် တပ်ဖွဲ့ဝင်များက မီးဘေးကြိုတင်ကာကွယ်ရေး နည်းလမ်းများ၊ မီးလောင်မှုဖြစ်ပွားပါက လုပ်ဆောင်ရမည့် နည်းလမ်းများ၊ မီးသတ်ဆေးဘူးအကြောင်းနှင့် အသုံးပြုနည်းများကို ရှင်းလင်းပြသ ဆောင်ရွက်ခဲ့သည်။ ထို့နောက် မြောက်ဥက္ကလာပမြို့နယ် (ဌ)ရပ်ကွက် သီရိရတနာလက်လီလက်ကားဈေးတွင် ဈေးများမီးဘေးကြိုတင် ကာကွယ်ရေး စစ်ဆေးရာတွင် စျေးတာဝန်ခံများနှင့် မြို့နယ်မီးသတ်ဦးစီးမှူး ဦးစည်သူမျိုး ဦးဆောင်၍ တပ်ဖွဲ့ဝင်များက ဈေးအတွင်းရှိ Hydrant ငုတ်များရေထွက်စမ်းခြင်း၊ စျေးအတွင်းရှိ ဆိုင်ခန်းများ စစ်ဆေးခြင်းများကိုလည်း ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

သက်လွင်စိုး(ပြန်/ဆက်)