ရန်ကုန် ၂၂ ဧပြီ
ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ရေးကာလ ဆောင်ရွက်နေစဉ်အတွင်း တစ်ဖက်တစ်လမ်းမှ ကူညီသည့်အနေဖြင့် မြောက်ဥက္ကလာပမြို့နယ် (၂)ရပ်ကွက်ရှိ ပြည်သူများအား ယနေ့ညနေပိုင်းက အာသာဝတီပရိယတ္တိသာသနာ့ဗိမာန်၌ ခရမ်းကျောင်းဆရာတော် ဦးမေဓာဝီက ဆန်၊ ဆီ၊ ဆားနှင့် ကြက်သွန်နီများ ထောက်ပံ့ပေးအပ်ခဲ့သည်။
ထောက်ပံ့ပေးအပ်မှုတွင် ဆရာတော်တစ်ဦးတည်းက မတည်ခဲ့ခြင်းဖြစ်ပြီး အိမ်ထောင်တစ်စုလျှင် ဆန် ၅ ပြည်၊ ဆီ ၅၀ သား၊ ကြက်သွန်နီ ၅၀ သားနှင့် ဆားတစ်ထုပ်နှုန်းဖြင့် အိမ်ထောင်စုပေါင်း ၃၀၀ အား ထောက်ပံ့ပေးအပ်ခဲ့ခြင်းဖြစ်ပြီး တန်ဖိုးအားဖြင့်ငွေကျပ် သိန်း ၃၀ တန်ဖိုးရှိကြောင်း သိရသည်။
မြောက်ဥက္ကလာပမြို့နယ် ၂ ရပ်ကွက်အတွင်း အိမ်ထောင်စုပေါင်း ၁၈၀၀ ရှိပြီး အများစုမှာ လက်လုပ်လက်စားများဖြစ်ကြကာ ဆရာတော်အနေဖြင့် ယင်းမိသားစုများအား ထပ်မံထောက်ပံ့ပေးနိုင်အောင် ဆက်လက်ကြိုးစားသွားမည် ဖြစ်ကြောင်း သိရှိရသည်။
အေကေလင်း


