ရန်ကုန် ၂၃ မတ်   

 

မြောက်ဥက္ကလာပမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနနှင့် ရန်ကုန်အရှေ့ပိုင်းခရိုင်၊ လူမှုဝန်ထမ်းဦးစီးဌာနတို့ ပူးပေါင်းကျင်းပပြုလုပ်သည့် မြို့နယ်ကလေးသူငယ် အခွင့်အရေးကော်မတီအစည်းအဝေးနှင့်  မြို့နယ်အမျိုးသမီးကော်မတီ အစည်းအဝေးကို ယမန်နေ့မွန်းလွဲ ၂  နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ကျင်းပရာ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးနေမျိုးဇော်က အဖွင့်အမှာစကား ပြောကြားသည်။

 

ထို့နောက် ရန်ကုန်အရှေ့ပိုင်းခရိုင် ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ  ကော်မတီအတွင်းရေးမှူး ဒေါ်သီတာခိုင်က မြို့နယ်အတွင်းကော်မတီများ၏ လုပ်ငန်းဆောင် ရွက်ချက်များ၊ ရှေးဦးအရွယ် ကလေးသူငယ်ပြုစု ပျိုးထောင်ရေးနည်းလမ်းများ၊ ကလေးများ၏ ဖွံ့ဖြိုးရေးလုပ်ငန်းဆောင်ရွက်ချက်များ၊ အမျိုးသမီးများဆိုင်ရာ ရာဇဝတ် ကျင့်ထုံးဥပဒေများ၊ အမျိုးသမီးများ အကြမ်းဖက်ခံရခြင်းမှ ကာကွယ်ခြင်းအကြောင်းအရာများ၊ အမျိုးသမီးများ၏ကျန်းမာရေးစောင့်ရှောက်မှု၊ စိတ်ပိုင်းဆိုင်ရာပျိုးထောင်မှု အကြောင်းအရာများနှင့်  အမျိုးသမီးများ အကြမ်းဖက်မှု၊ မုဒိမ်းမှုများအား ဝိုင်းဝန်းပူးပေါင်း၍ ကာကွယ်ကြရန်လိုအပ်ကြောင်းကို ဆွေးနွေးခဲ့ပါသည်။

 

ဆက်လက်၍ Teree des homes Lausanne အဖွဲ့ ကလေးသူငယ်ကာကွယ်ရေး စီမံကိန်းမှ ကိုစိုင်းညွှန်လှိုင်က ကလေးသူငယ်များအတွက် မိသားစု အခြေပြု အခြားစောင့်ရှောက်မှု နည်းလမ်းများ၊ စီမံချက်လုပ်ငန်းများကို အသိပညာပေး ဆွေးနွေးပြောကြားခဲ့ပြီး အခမ်းအနားသို့ ဌာနဆိုင်ရာများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ ရပ်ကွက်စာရေးများ၊ NGOအဖွဲ့အစည်းများ တက်ရောက်ခဲ့ပြီး သိရှိလိုသည့်အချက်မျာအား အကြံပြုဆွေးနွေးခြင်းများ ပြုလုပ်ခဲ့ကြောင်း မြို့နယ်(ပြန်/ဆက်)မှ သိရသည်။

 

MDN