ရန်ကုန် ၁၀ မတ်
ယနေ့နံနက် ၈ နာရီ ၅၅ မိနစ်ခန့်က မြောက်ဥက္ကလာပမြို့နယ်၊ မေဓါဝီ(ဆ)ရပ်ကွက်၊ ကရဝိတ် (၂)လမ်းတွင် မီးလောင်မှုဖြစ်ပွားကြောင်း မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့မှ သိရသည်။

မီးလောင်မှုအား level 2 အဆင့်သတ်မှတ်၍ ယာဉ်အုပ်စုများ ထွက်ခွာငြှိမ်းသတ်မှုကြောင့် နံနက် ၉ နာရီ ၁၄ မိနစ်တွင် မီးထိန်းနိုင်ခဲ့ပြီး နံနက် ၉ နာရီ ၁၇ မိနစ်တွင် မီးငြိမ်းခဲ့ကြောင်း ကနဦးသိရှိရသည်။
MDN