မြောက်ဥက္ကလာပ ၂၂ မတ်

 

ကိုရိုနာဗိုင်းရပ်စ်ရောဂါ ကြိုတင်ကာကွယ်နိုင်ရေးအတွက် ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ဥက္ကလာပမြို့နယ် စည်ပင်သာယာရေးကော်မတီ၊ ရေသန့်ဌာနနှင့် စျေးများဌာနတို့ ပူးပေါင်း၍ (ဈ) ရပ်ကွက်၊ ရတနာသိင်္ဂီစျေး လမ်းဆုံများတွင် လက်ဆေးဘေစင်များကို ယမန်နေ့နံနက်ပိုင်းမှ စတင်ပြီး ဆောင်ရွက်ထားရှိကြောင်း သိရသည်။

 

အဆိုပါဈေးသည် နေ့စဉ် နေရာမျိုးစုံမှ ဈေးရောင်း၊ ဈေးဝယ်များ များပြားလျက်ရှိပြီး ကိုရိုနာဗိုင်းရပ်စ် (COVID-19) ရောဂါ ကြိုတင်ကာကွယ်သည့်အနေ​​ဖြင့် လက်ကို မကြာခဏ ဆေးကြောရန် လက်ဆေးဘေစင်များကို ထားရှိရခြင်းဖြစ်သည်ဟု မြို့နယ် စည်ပင်သာယာရေးကော်မတီမှ တာဝန်ရှိသူ တစ်ဉီး၏ ပြောကြားချက်အရ သိရသည်။

 

မြမြဝင်း(ပြန်/ဆက်)