နေပြည်တော်  မတ်  ၃၁

 

ရန်ကုန်တိုင်းဒေသကြီး မြောက် ဥက္ကလာပမြို့နယ်၊ ဒေါပုံမြို့နယ် နှင့် အင်းစိန်မြို့နယ်နေ ဆုဝေနှင်း (ဘ) ဦးတင့်လွင်၊  ဆုမြတ်သွယ် (ဘ) ဦးစိန်မိုး၊  ခိုင်မင်းထွန်း (ခ) နေမင်း (ဘ) ဦးလှနိုင်၊ ဉာဏ်ဟိန်း ထက် (ခ) ကိုထက် (ခ) ယုန်လေး (ဘ) ဦးစိုးဝင်း၊ ပြည့်ဖြိုးသူ (ခ) ကိုစိုင်း (ခ) စိုင်းသူ (ဘ) ဦးအေးသန်း၊ ရဲရင့်ဖြိုး (ခ) ပီတာပို (ဘ) ဦးညီညီလွင်၊ ဝေမိုးနိုင် (ခ) ဝင်းလွင်ဦး (ဘ) ဦးခင်ထွန်းနှင့် သန်းဇော် (ခ) ဝတုတ် (ခ) ကျောင်းဆရာ (ဘ) ဦးမောင်တို့သည် မြောက်ဥက္ကလာပမြို့နယ် (ဇ) ရပ်ကွက်ရှိ Wifi ကားရေဆေးဆိုင်မှ ဆိုင်ရှင်ဖြစ်သူအား သုနန္ဒာလမ်းနှင့်  မေဓာဝီလမ်းဆုံ၌ သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်ခဲ့ပြီး နိုင်ငံတော်က သတ်မှတ် ကြေညာထားသည့် အကြမ်းဖက် အဖွဲ့အစည်းများ၏ လက်အောက်ခံအဖြစ် အများပြည်သူ၏  လုံခြုံရေးကိုထိခိုက်ဆုံးရှုံးစေရန် အကြမ်းဖက်မှု ကျူးလွန်ခဲ့ခြင်းကြောင့်  လည်းကောင်း၊ ဆုမြတ်သွယ်  (ဘ)  ဦးစိန်မိုး၊ ခိုင်မင်းထွန်း (ခ) နေမင်း (ဘ) ဦးလှနိုင်၊  ဉာဏ်ဟိန်းထက် (ခ) ကိုထက်  (ခ)  ယုန်လေး (ဘ) ဦးစိုးဝင်း၊  ပြည့်ဖြိုးသူ (ခ) ကိုစိုင်း (ခ) စိုင်းသူ (ဘ) ဦးအေးသန်း၊ ရဲရင့် ဖြိုး (ခ) ပီတာပို (ဘ) ဦးညီညီလွင်၊ ဝေမိုးနိုင် (ခ) ဝင်းလွင်ဦး (ဘ) ဦးခင်ထွန်း၊ သန်းဇော် (ခ) ဝတုတ် (ခ) ကျောင်းဆရာ (ဘ)  ဦးမောင် နှင့် ကိုလတ်တို့သည် မြောက်ဥက္ကလာပမြို့မရဲစခန်း အပါအဝင် အများပြည်သူများ သွားလာလျက် ရှိသည့်နေရာများ၊ လုံခြုံရေးစခန်းများ၊ ဘဏ်များ၊ နိုင်ငံပိုင်အဆောက် အအုံများနှင့် လုံခြုံရေးတာဝန် ထမ်းဆောင်နေသည့် လုံခြုံရေး တပ်ဖွဲ့ဝင်များအား လက်နက်ငယ်များ၊ လက်လုပ်မိုင်းများဖြင့် ဖောက်ခွဲတိုက်ခိုက်ခြင်းများကို လုပ်ဆောင်ခဲ့ခြင်း တို့ကြောင့် လည်းကောင်း စစ်အုပ်ချုပ်ရေး (Martial Law) စစ်ခုံရုံးဖွဲ့၍ စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ အကြမ်းဖက်မှု တိုက်ဖျက်ရေး ဥပဒေပုဒ်မ ၅၄ အရ ၂၀၂၂ ခုနှစ်၊ မတ် ၃၀ ရက်တွင် ၎င်းတို့အား “သေဒဏ်” ပြစ်ဒဏ်ကို အသီးသီး အမိန့်ချမှတ်လိုက်ကြောင်း သိရှိရသည်။

 

အဆိုပါပြစ်ဒဏ် ချမှတ်ခံရသူ များအနက်မှ ထွက်ပြေးလွတ်မြောက်နေသူများအား ၎င်းနှင့်စပ်လျဉ်း၍ ရာဇဝတ်ကျင့်ထုံး ဥပဒေပုဒ်မ-၈၇၊ ၈၈ အရ ဖမ်းဝရမ်းထုတ်ဆင့်ရန် အမိန့်ချမှတ်ခဲ့ကြောင်း သိရှိရသည်။

 

စစ်အုပ်ချုပ်ရေးအမိန့် ထုတ်ပြန် ကြေညာထားသည့် မြို့နယ်များအတွင်း စစ်ခုံရုံးဖြင့် စစ်ဆေးမည့် ပြစ်မှုဆိုင်ရာ ၂၃ မျိုးကိုလည်း ပူးတွဲထုတ်ပြန်ထားကြောင်းနှင့် အဆိုပါပြစ်မှုများကို ဖောက်ဖျက်ကျူးလွန်ပါက စစ်ခုံရုံးဖွဲ့၍ စစ်ဆေးမှုများ  ဆောင်ရွက်ကာ ထိထိရောက်ရောက် မြန်မြန်ဆန်ဆန်  အရေးယူဆောင်ရွက်လျက်ရှိကြောင်း သိရသည်။  

 

သတင်းစဉ်