ရန်ကုန် ၁၁ ဇန်နဝါရီ
ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ဥက္ကလာပမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာနမှ ကျောင်းသား၊ ကျောင်းသူ လူငယ်များ စာကြည်တိုက်သို့ လာရောက်စေရန်နှင့် စာအုပ်စာပေများကို စိတ်ဝင်စားစေရန် ရည်ရွယ်ချက်ဖြင့် စာအုပ်ပြပွဲကို ယနေ့ မွန်းလွဲ ၁ နာရီအချိန်က မြို့နယ်ပြန်/ဆက်ဦးစီးဌာန လူထုအခြေပြုဗဟိုဌာနခန်းမတွင် ကျင်းပခဲ့သည်။
အဆိုပါ စာအုပ်ပြပွဲတွင် ကျောင်းသား၊ ကျောင်းသူများ စိတ်ဝင်စားစေမည့် သုတ၊ ရသ စာအုပ်များကိုပြသခဲ့ပြီး မြို့နယ်ပြန်/ဆက်ဦးစီးမှူး ဒေါ်မြမြဝင်းနှင့် အငယ်တန်းစာရေး ဒေါ်မြသန္တာဝင်းတို့မှ "ကလေးများအတွက် သုတရတနာသိုက်" စာအုပ်များအား ရှင်းလင်းပြသခဲ့ကြသည်။ စာအုပ်ပြပွဲတွင် ကျောင်းသား၊ကျောင်းသူ ၆၀ ကျော် လာရောက်လာရောက်ကြည့်ရှုခဲ့ကြကြောင်း သိရှိရသည်။
မြို့နယ်(ပြန်/ဆက်)
