ရန်ကုန် မေ ၁၉

 

ရန်ကုန်တိုင်းဒေသကြီး မြောက်ဥက္ကလာပမြို့နယ်၌ စွန့်ပစ်အမှိုက်စီမံခန့်ခွဲမှုဆိုင်ရာ အသိပညာပေးအစီအစဉ်ကို မေ ၁၈ ရက်က မြောက်ဥက္ကလာပမြို့နယ် သုဓမ္မာလမ်း ဥက္ကလာသီရိပန်းခြံရှေ့၌ ဆောင်ရွက်သည်။

 

ထိုသို့ဆောင်ရွက်ရာတွင် အသိပညာပေးရွေ့လျားယာဉ်များဖြင့် အသိပညာပေးဆောင်ရွက်ချက်မှတ်တမ်းများ ပြသခြင်း၊ အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခြင်း၊ ယာဉ်များတွင် အသိပညာပေးဆောင်ပုဒ်စတေကာများ ကပ်ပေးခြင်း၊ အမှိုက်လေးမျိုး (အမှိုက်စို၊ အမှိုက်ခြောက်၊ ပလတ်စတစ်၊ ဘေးအန္တရာယ်ရှိ စွန့်ပစ်ပစ္စည်းများ) ခွဲခြားစွန့်ပစ်မှုကို လက်တွေ့ပြသခြင်း၊ ဝန်ထမ်းများက စွန့်ပစ်အမှိုက်အသိပညာပေး တေးသရုပ်ဖော်သီချင်းတို့ဖြင့် အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်သည်။
အဆိုပါ အသိပညာပေးဆောင်ရွက်ရာသို့ ရန်ကုန်မြို့တော်စည်ပင် သာယာရေးကော်မတီ အတွင်းရေးမှူး ဦးချိုထွန်းအာင်၊ မြောက်ဥက္ကလာပ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးမိုးသူနှင့် တာဝန်ရှိသူများက ပူးပေါင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။

 

သက်လွင်စိုး (ပြန်/ဆက်)