မြောက်ဥက္ကလာပ ၂၉ မတ်
ရန်ကုန်တိုင်းဒေသကြီး၊ အရေှ့ပိုင်းရိုင်၊ မြောက်ဥက္ကလာပမြို့နယ် အရန်မီးသတ်တပ်ဖွဲ့မှ တာဝန်ရှိသူများသည် ကိုရိုနာဗိုင်းရပ်စ် (COVID-19) ရောဂါ ကြိုတင်ကာကွယ်ရေးအတွက် ယနေ့နံနက် ၈ နာရီက ပိုးသတ်ဆေးဖျန်းခြင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့သည်။
ထို့သို့ ပိုးသတ်ဆေးဖျန်းရန်အတွက် အလှူရှင်များက လှူဒါန်းပေးသည့် Sodium hypochlorite ဆေးရည်များအား (၁)ရပ်ကွက်အတွင်းရှိ မိတ္တာလမ်းများနှင့် သဇင်လမ်း၊ ဘုန်းကြီးလမ်းတစ်လျှောက် ဆေးဖျန်းခြင်း လုပ်ငန်းများ ဆောင်ရွက်ခဲ့သည်။
အဆိုပါပိုးသတ်ဆေးဖျန်းရာသို့ လွှတ်တော်ကိုယ်စားလှယ်များ၊ မြို့နယ်စီမံခန့်ခွဲမှု ကော်မတီဝင်များက ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
မြမြဝင်း(ပြန်/ဆက်)


