ရန်ကုန် ၂၁ ဇွန်
ယနေ့ခေတ် ကျောင်းသား /ကျောင်းသူ လူငယ်များ၏ဘဝများကို ဝါးမျိုဖျက်စီးရန် ခြိမ်းခြောက်လျက်ရှိသော မူးယစ်ဆေးဝါး၏ ကြောက်မက်ဖွယ်ရာအကြောင်း ဆိုးကျိုးများနှင့် အန္တရာယ်ကြီးမားပုံကို ပြည်သူများသိရှိနားလည်စေရန်ရည်ရွယ်၍ "လူငယ်နှင့် မူးယစ်ဆေးဝါးအန္တရာယ်" ခေါင်းစဉ်ဖြင့် ပြည်သူ့စကားဝိုင်းကို ယမန်နေ့နံနက် ၁၀ နာရီက မြောက်ဥက္ကလာပမြို့နယ် ငြိမ်းကိုယ်ပိုင်အထက်တန်းကျောင်းတွင် ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ မြောက်ဥက္ကလာပမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်မြမြဝင်းက ပြည်သူ့စကားဝိုင်း ကျင်းပရခြင်း၏ ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားခဲ့ပြီးနောက် ကျောင်းသားလူငယ်ထုဆက်သွယ်ရေး သံတမန်ဦးချစ်ချော မူးယစ်ဆေးစွဲသူများပြန်လည်ထူထောင်ရေးအသင်း ဗဟို(မြန်မာ) အတွင်းရေးမှူး ဒေါ်ခင်ခင်ဝင်း၊ မူးယစ်ဆေးစွဲသူများပြန်လည်ထူထောင်ရေးအသင်း ဗဟို(မြန်မာ) အရှေ့ပိုင်းခရိုင် တာဝန်ခံ ဦးမိုးဇော်၊ ဒုတိယမြို့နယ်ပညာရေးမှူး ဦးထွန်းဦး လူငယ်စာရေးဆရာအလင်းဆက်တို့မှ မူးယစ်ဆေးဝါးနှင့်ပတ်သက်၍ ဆိုးကျိုးများ၊ ပြစ်မှုပြစ်ဒဏ်များ၊ မူးယစ်ဆေးစွဲသူများ ပြန်လည်ထူထောင်ရေးအကြောင်းများကို ရှင်းလင်းဟောပြောဆွေးနွေးခဲ့ကြသည်။ ထို့နောက် တက်ရောက်လာသည့် ကျောင်းသား ကျောင်းသူများမှ သိရှိလိုသည်များ ကိုမေးမြန်းဆွေးနွေးခဲ့ကြသည်။
အဆိုပါ ပြည်သူ့စကားဝိုင်းသို့ ဌာနဆိုင်ရာများ၊ စာရေးဆရာများ ဆရာ/ ဆရာမ များနှင့် ကျောင်းသား/ကျောင်းသူများ စုစုပေါင်း(၁၇၀)ဦးခန့် တက်ရောက်ခဲ့ကြောင်း မြို့နယ် ပြန်/ဆက်မှ သိရှိရသည်။
MDN


