ရန်ကုန် မတ် ၂၂
ရန်ကုန်တိုင်းဒေသကြီး မြောက်ဥက္ကလာပမြို့နယ်၌ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးအတွက် ရတနာသိင်္ဂီစျေးနှင့် ဆဈေးတို့တွင် မီးဘေးလုံခြုံရေး ကွင်းဆင်းအသိပညာပေး စစ်ဆေးခြင်းကို ယမန်နေ့ ညနေ ၆ နာရီတွင် တာဝန်ရှိသူများက အသိပညာပေး ကွင်းဆင်းစစ်ဆေးဆောင်ရွက်သည်။
ထိုသို့ ဆောင်ရွက်ရာတွင် မြောက်ဥက္ကလာပမြို့နယ် မီးသတ်ဦးစီးမှူး ဦးစီးအရာရှိ ဦးစည်သူမျိုး ဦးဆောင်သည့် သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များ၊ မီးငြှိမ်းသတ်ယာဉ်တစ်စီး၊ ဈေးတာဝန်ခံနှင့် စျေးလုံခြုံရေးများ၊ စျေးကော်မတီတို့နှင့်အတူ ဈေးပိတ်ချိန် မီးသုံးစွဲမှုနှင့် လျှပ်စစ်မိန်းခလုတ်များ ပိတ်ထားမှုရှိ/မရှိ၊ စျေးရှေ့ရှိ Hydrant ငုတ်ရေထွက်အားစစ်ဆေးခြင်းနှင့် အသေးစိတ်စစ်ဆေးအကြံပြုခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
သက်လွင်စိုး(ပြန်/ဆက်)


