ရန်ကုန် ဇွန် ၄

 

လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန မြောက်ဥက္ကလာပမြို့နယ် ဦးစီးမှူးရုံးမှ မြို့နယ်ဦးစီးမှူး ဦးစံတင်ဦး ဦးဆောင်သည့် ဝန်ထမ်းများက ယမန်နေ့နံနက်ပိုင်းက အမှတ်(၂)အခြေခံပညာအလယ်တန်းကျောင်း၌ ကျောင်းသား ကျောင်းသူများအား နိုင်ငံသားစိစစ်ရေးကတ် ထုတ်ပေးခြင်းနှင့် UID ဇီဝအချက်အလက် ကောက်ယူခြင်းလုပ်ငန်းများကို ကွင်းဆင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

 

ဆောင်ရွက်ပေးရာတွင် အသက် (၁၀)နှစ်ပြည့် ကျောင်းသား ၂၉ ဦးနှင့် ကျောင်းသူ ၂၇ ဦး စုစုပေါင်း ၅၆ ဦးတို့အား နိုင်ငံသားစိစစ်ရေးကတ်နှင့် UID ကတ်များဆောင်ရွက်ပေးကာ မြောက်ဥက္ကလာပမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများတွင်လည်း ဆက်လက်ဆောင်ရွက် ပေးမည်ဖြစ်ကြောင်း သိရသည်။  

သက်လွင်စိုး(ပြန်/ဆက်)