ရန်ကုန် မတ် ၁၅
ရန်ကုန်တိုင်းဒေသကြီး မြောက်ဥက္ကလာပမြို့နယ်၌ ဆုတောင်းပြည့် မယ်လမုစေတီတော် အဘိဓမ္မာပြန့်ပွားရေးအသင်း၏ ၂၀၂၆ ပညာသင်နှစ် အဘိဓမ္မာ၊ ဋီကာကျော်၊ ဝိသုဒ္ဓိမဂ် သင်တန်းများ ဖွင့်လှစ်ပေးခြင်းကို ယမန်နေ့မွန်းတည့် ၁၂ နာရီတွင် အဆိုပါအသင်းခန်းမ၌ ပြုလုပ်သည်။
အခမ်းအနားတွင် မယ်လမုစေတီတော် အဘိဓမ္မာပြန့်ပွားရေး အသင်းနာယကကြီး ဝဏ္ဏကျော်ထင်ဦးသိုက်ထွန်း(ကိုယ်စား) မယ်လမု စေတီတော် အဘိဓမ္မာပြန့်ပွားရေးအသင်းဒုတိယဥက္ကဋ္ဌ(စီမံ)ဦးကြည်စိုးက ဩဝါဒအမှာစကားပြောကြားသည်။
သင်ကြားပို့ချမည်
အဆိုပါ ဆုတောင်းပြည့်မယ်လမုစေတီတော် အဘိဓမ္မာပြန့်ပွားရေးအသင်း၏ ၂၀၂၆ ပညာသင်နှစ် အဘိဓမ္မာ၊ ဋီကာကျော်၊ ဝိသုဒ္ဓိမဂ် သင်တန်းများကို နည်းပြ ၁၀ ဦးက သင်ကြားပို့ချမည်ဖြစ်ရာ သင်တန်းသား သင်တန်းသူ ၅၀ ခန့်က တက်ရောက်သင်ယူမည်ဖြစ်ပြီး သင်တန်းကာလမှာ မတ် ၁၄ ရက်မှ ဒီဇင်ဘာလပထမပတ်အထိ တစ်ပတ်လျှင် စနေ၊ တနင်္ဂနွေ နှစ်ရက် မွန်းတည့် ၁၂ နာရီမှ ညနေ ၄ နာရီခွဲအထိ သင်ကြားပို့ချပေးမည်ဖြစ်ကြောင်း သိရသည်။
သက်လွင်စိုး(ပြန်/ဆက်)


