မြောက်ဦး ၂၈ ဒီဇင်ဘာ
မြောက်ဦးခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန၊ Community Centre ခန်းမတွင် ဒီဇင်ဘာကျောင်းပိတ်ရက်အတွင်း ကျောင်းသား၊ ကျောင်းသူလေးများအနေဖြင့် အချိန်ကိုအကျိုးရှိစွာ အသုံးချတတ်စေရန်ရည်ရွယ်၍ ယနေ့မွန်းလွဲ ၁၁ နာရီအချိန်က ပန်းချီ ဆေးရောင်ခြယ်ပြိုင်ပွဲကို ကျင်းပပြုလုပ်သည်။
ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဓာတ်ပုံကျွမ်းကျင်-၂ ဦးခင်မောင်ထွန်းက ယခုလို ပန်းချီဆေးရောင်ခြယ်ပြိုင်ပွဲကို ကျင်းပပြုလုပ်ပေးခြင်းဖြင့် ကျောင်းသား၊ ကျောင်းသူ လူငယ်လေးများသည် ကျောင်းပိတ်ရက်အားလပ်ချိန်များအား လက်တွေ့အသုံးချတတ်လာမှာ ဖြစ်ပြီး စာကြည့်တိုက်နှင့်လည်း ရင်းနှီးကျွမ်းဝင်မှုများရှိလာကာ ကျောင်းပေါင်းစုံ ပန်းချီပြိုင်ပွဲများတွင်လည်း ဝင်ရောက်ယှဉ်ပြိုင်လာနိုင်မည်ဖြစ်ကြောင်း ရှင်းလင်းပြောပြသည်။
ယင်းနောက် ပန်းချီဆေးရောင်ခြယ်ပြိုင်ပွဲကို ဆက်လက်ကျင်းပရာ ပြိုင်ပွဲဝင် ကျောင်းသား၊ ကျောင်းသူ စုစုပေါင်း (၃၀) ဦးတို့က စိတ်ပါဝင်စားစွာဖြင့် ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြပြီး ပထမ၊ ဒုတိယ၊ တတိယဆုရရှိသော ကျောင်းသား၊ ကျောင်းသူများအား တာဝန်ရှိသူများက ဆုများအသီးသီး ပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။
တင်ထွန်းဦး (ပြန်/ဆက်)