မြောက်ဦး ၇ စက်တင်ဘာ
ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် စက်တင်ဘာ ၉ ရက်၌ ကျရောက်မည့် ဆရာတော် အသျှင်ဦးဥတ္တမ၏ နှစ်(၈၀)ပြည့် အထိမ်းအမှတ်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ပုံတူပန်းချီဆွဲပြိုင်ပွဲအား ယနေ့ နံနက် ၁၀ နာရီက အဆိုပါခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ပြိုင်ပွဲတွင် မြို့ပေါ်ရပ်ကွက်များရှိ အခြေခံပညာ အထက်တန်းကျောင်း၊ အလယ်တန်းကျောင်းများမှ ပြိုင်ပွဲဝင် ကျောင်းသား၊ ကျောင်းသူများက ဆရာတော်အသျှင်ဦးဥတ္တမ၏ ဖေါ်ပြပေးထားပါ ရုပ်ပုံကားအား ခဲသားပုံတူပန်းချီရေးဆွဲခြင်းဖြင့် ဝင်ရောက်ယှဉ်ပြိုင်ခဲ့ရာ အလယ်တန်းအဆင့်တွင် ပြိုင်ပွဲဝင်ကျောင်းသား၊ ကျောင်းသူ ၃၀ ဦးနှင့် အထက်တန်းအဆင့်တွင် ပြိုင်ပွဲဝင်ကျောင်းသား၊ ကျောင်းသူ ၂၅ ဦး စုစုပေါင်းပြိုင်ပွဲဝင် ကျောင်းသား၊ ကျောင်းသူ ၅၅ ဉီးတို့က စိတ်ပါဝင်စားစွာဖြင့် ဝင်ရောက်ယှဉ်ပြိုင်ကြသည်။
အဆိုပါ ပုံတူပန်းချီရေးဆွဲပြိုင်ပွဲတွင် ဆုရရှိသော ကျောင်းအသီးသီးမှ ကျောင်းသား၊ ကျောင်းသူများကို တာဝန်ရှိသူများက ဆုများပေးအပ်ချီးမြှင့်ကာ ဂုဏ်ပြုမှတ်တမ်းလွှာများ ပေးအပ်ခဲ့ကြောင်း သိရှိရသည်။
မြောက်ဦးခရိုင်(ပြန်/ဆက်)


