မြောက်ဦး ၁၀ ဇွန်
ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန စာကြည့်တိုက်ရှိ ကလေးစာဖတ်ခန်းသို့ ယနေ့နံနက် ၈ နာရီက ခမီနှင့် မြို လူမျိုးတို့၏ တိုင်းရင်းသားရိုးရာ ရုပ်ပုံပါပုံပြင်စာအုပ်များကို ခမီတိုင်းရင်းသားရိုးရာစာပေနှင့်ယဉ်ကျေးမှုအသင်းဥက္ကဋ္ဌ ဦးလေကျော်အောင်က လာရောက်လှူဒါန်းကြောင်း သိရှိရသည်။
အဆိုပါစာအုပ်များတွင် ခမီနှင့် မြို လူမျိုးတို့၏ တိုင်းရင်းသားရိုးရာပုံပြင်များဖြစ်သော ပင်လယ်ကြီးကို ကာကွယ်ကြ၊ မိတ်ဆွေကောင်းများ၊ ဆေးဖက်ဝင်ပျားအုံလေး၊ ရိုးရာထဘီ၊ သစ်ပင်တွေကို မခုတ်ပါနဲ့ အစရှိသော ရုပ်ပုံပါစာအုပ်များကို လာရောက်လှူဒါန်းသည်။
ဆက်လက်၍ ဦးလေကျော်အောင်က စာအုပ်လာရောက်လှူဒါန်း ရခြင်းမှာ စာကြည့်တိုက်သို့ စာပေလေ့လာဖတ်ရှုရန်ရောက်ရှိလာတဲ့ ကျောင်းသား၊ ကျောင်းသူ လူငယ်လေးများကို ကျွန်တော်တို့ တိုင်းရင်းသားလူမျိုးတွေရဲ့ ရိုးရာစာပေ၊ ရိုးရာယဉ်ကျေးမှု၊ ဝတ်စားဆင်ယဉ်မှုနှင့် ရိုးရာအနုပညာ တွေကိုသိရှိနားလည် သဘောပေါက်စေဖို့ လှူဒါန်းခြင်းဖြစ်ကြောင်းပြောကြားသည်။ထို့နောက် တိုင်းရင်းသားရိုးရာ စာအုပ်များကိုလှူဒါန်းရာ စာကြည့်တိုက်မှူး ဦးထွန်းမြကျော်က လက်ခံရရှိကြောင်း ခရိုင်ပြန်/ဆက်မှ သိရှိရသည်။
MDN