ဇေယျ(ယဉ်ကျေးမှု)

 

မြောက်ဦးမြို့ဟောင်းသည် ရခိုင်ပြည်နယ်၏ ရှည်ကြာသောသမိုင်းကြောင်းနှင့် ယဉ်ကျေးမှုတို့၏ ပြယုဂ်အဖြစ် ထင်ရှားစွာတည်ရှိနေပါသည်။ မြောက်ဦးမြို့တော်ကို ဘုရင် မင်းစောမွန်က အေဒီ ၁၄၃၀ တွင် စတင်တည်ထောင်ခဲ့ပြီး အေဒီ ၁၄၃၀ မှ ၁၇၈၄ အထိ မြို့သက်နှစ်ပေါင်း ၃၅၄ နှစ်အတွင်း မင်းဆက် ၄၉ ဆက် စိုးစံခဲ့သည်။ ရခိုင်ပြည်နယ်သမိုင်းတွင် ဓညဝတီခေတ်၊ ဝေသာလီခေတ်၊ လေးမြို့ခေတ်နှင့် မြောက်ဦးခေတ်ဟူ၍ ခေတ်ကြီးလေးခေတ်ရှိခဲ့ရာ မြောက်ဦးခေတ်သည် အတိုးတက်ဆုံး၊ အထွန်းကားဆုံးခေတ်ကြီး ဖြစ်ခဲ့သည်။

 

 

မြောက်ဦးခေတ် ကုန်ဆုံးခဲ့ပြီးနောက် ကြွင်းကျန်ရစ်ခဲ့သော မြောက်ဦးမြို့ဟောင်း၏ နန်းတော်ရာ၊ မြို့ရိုး တံတိုင်းများ၊ ကျုံး၊ ခံတပ်၊ စေတီ၊ ပုထိုး၊ ပိဋကတ်တိုက်၊ ဘုန်းကြီးကျောင်း၊ စပါးကျီ၊ ရေအသုံးချမှုစီမံခန့်ခွဲရေးစနစ် စသည်တို့က မြောက်ဦးမြို့တော် ၏ ယဉ်ကျေးမှုအဆင့်အတန်း မြင့်မားစွာ တည်ရှိခဲ့မှုကို ဖော်ပြ လျက်ရှိသည်။ ထို့အတူပင် ဗုဒ ̈ဆင်းတု၊ ကျောက်စာ၊ ဒဂ ̄း၊ အိုးခွက်ပန်းကန် စသည့်ရှေးဟောင်းဝတ္ထုပစ္စည်းများသည် လည်းကောင်း ရခိုင်လူမျိုးတို့၏ ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ် များသည်လည်းကောင်း၊ မြောက်ဦးမြို့ဟောင်း၏ မြင့်မားသော ယဉ်ကျေးမှုသက်သေများအဖြစ် ရှိနေပါသည်။ မြောက်ဦးမြို့ ဟောင်းသည် က္ဘာ့အမွေအနှစ် ဒေသအဖြစ် စာရင်းဝင်ထိုက် သည့်ဂုဏ်ရည်နှင့် ပြည့်စုံသော မြို့ဟောင်းတစ်ခုပင်ဖြစ်သည်။

 

အမွေအနှစ်စာရင်းဝင်အဖြစ် သတ်မှတ်ခြင်းခံရ

သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနသည် မြန်မာ့ ရှေးဟောင်းယဉ်ကျေးမှုအမွေအနှစ်ဒေသများကို က္ဘာ့အမွေ အနှစ်စာရင်းဝင်အဖြစ် သတ်မှတ်နိုင်ရေး ဆောင်ရွက် လျက်ရှိရာ ပျူရှေးဟောင်းမြို့များဖြစ်သည့် ဟန်လင်း၊ ဗိဿနိုး၊ သရေခေတ္တရာမြို့ဟောင်းတို့ကို ၂၀၁၄ ခုနှစ် ဇွန်လ ၂၂ ရက်နေ့တွင်လည်းကောင်း၊ ပုဂံယဉ်ကျေးမှုအမွေအနှစ်ဒေသကို ၂၀၁၉ ခုနှစ် ဇူလိုင်လ ၆ ရက်နေ့တွင်လည်းကောင်း က္ဘာ့ အမွေအနှစ်စာရင်းဝင်အဖြစ် သတ်မှတ်ခြင်းခံရပြီး ဖြစ်ပါသည်။ ဆက်လက်၍ ရခိုင်ပြည်နယ်ရှိ မြောက်ဦးယဉ်ကျေးမှုအမွေ အနှစ်ဒေသကိုလည်း က္ဘာ့အမွေအနှစ်စာရင်းသို့ တင်သွင်း နိုင်ရေး ဆောင်ရွက်လျက်ရှိရာ အဆိုပြုစာတွဲ(မူကြမ်း) Nomination Dossier (Draft) ကို ယူနက်စကိုသို့ ၂၀၁၉ ခုနှစ် စက်တင်ဘာလ ၃၀ ရက်နေ့မတိုင်မီတွင် လည်းကောင်း၊ အဆိုပြုစာတွဲအပြည့်အစုံကို ၂၀၂၀ ပြည့်နှစ် ဇန်နဝါရီလတွင် လည်းကောင်း တင်သွင်းရမည်ဖြစ်ပါသည်။ အဆိုပြုစာတွဲ (မူကြမ်း) တင်သွင်းပြီးနောက် စာတွဲနှင့်ပတ်သက်၍ လိုအပ် ချက်များကို ပြင်ဆင်၊ ဖြည့်စွက်ဆောင်ရွက်သည့်အခါတွင် လည်း မြောက်ဦးယဉ်ကျေးမှုအမွေအနှစ်ဒေသသို့ ပြည်တွင်း ပြည်ပ ပညာရှင်များက သွားရောက်ပြီး စာရင်းဇယား၊ မှတ်တမ်း မှတ်ရာများ ထပ်မံ၍ ကောက်ယူခြင်းကို ကွင်းဆင်းဆောင်ရွက် ရမည်ဖြစ်ပါသည်။ အဆိုပြုစာတွဲ အပြည့်အစုံတင်သွင်း ပြီးနောက် ၂၀၂၀ ပြည့်နှစ် စက်တင်ဘာလခန့်တွင်  International Council on Monuments and Sites – ICOMOS အဖွဲ့ မှ ပညာရှင်များက မြောက်ဦးဒေသသို့ မြေပြင်ကွင်းဆင်း၍ စစ်ဆေးကြမည်ဖြစ်ပြီး မြန်မာနိုင်ငံ၏ ရခိုင်ဒေသ ရှေးဟောင်းယဉ်ကျေးမှုအမွေအနှစ်များ တည်ရှိ နေမှုကို အဆိုပြုစာတွဲနှင့် တိုက်ဆိုင်စစ်ဆေး၍ သတ်မှတ်စံနှုန်း များနှင့် ကိုက်ညီပါက (၄၅)ကြိမ်မြောက် က္ဘာ့အမွေအနှစ် ကော်မတီ အစည်းအဝေးတွင် က္ဘာ့အမွေအနှစ်စာရင်းဝင် အဖြစ် အတည်ပြု ဆုံးဖြတ်ကြမည်ဖြစ်ပါသည်။

 

သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနအနေဖြင့် ပုဂံ ဒေသကို ကမ္ဘာ့အမွေအနှစ် စာရင်းတင်သွင်းရန်အတွက် ကြိုးပမ်းဆောင်ရွက်ခဲ့စဉ်က အခက်အခဲအကျပ်အတည်း များစွာကို ဖြတ်ကျော်ဆောင်ရွက်ခဲ့ရသည်။ မြောက်ဦးဒေသကို က္ဘာ့အမွေအနှစ်စာရင်းတင်သွင်းရန် ကြိုတင်ပြင်ဆင်မှု လုပ်ငန်းများ ဆောင်ရွက်ရာတွင်မူ အခက်အခဲအကျပ်အတည်း များမရှိဘဲ မြောက်ဦးဒေသခံများ အပါအဝင် ရခိုင်လူထုတစ်ရပ် လုံးက ထောက်ခံအားပေးကြသလို ရခိုင်ပြည်နယ်အစိုးရအဖွဲ့က လည်း အင်တိုက်အားတိုက် ကူညီဆောင်ရွက်ပေးလျက် ရှိပါ သည်။

 

မြောက်ဦးဒေသကို ကမ္ဘာ့အမွေအနှစ်အဖြစ် စာရင်းသွင်းနိုင်ရေး ပူးပေါင်းဆောင်ရွက်

မြောက်ဦးဒေသကို ကမ္ဘာ့အမွေအနှစ်အဖြစ် စာရင်းသွင်း နိုင်ရေးအတွက် ၂၀၁၇ ခုနှစ် မေလ ၁၇ ရက်မှစတင်၍ မြောက်ဦးဒေသအမျိုးသားအဆင့် ပူးပေါင်းဆောင်ရွက်ရေး ကော်မတီကို ဖွဲ့စည်းခဲ့ပြီး ထိုကော်မတီတွင် သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးက ဥက္ကဋ္ဌ အဖြစ်လည်းကောင်း၊ ရခိုင်ပြည်နယ် ဝန်ကြီးချုပ်က ဒုတိယ ဥက္ကဋ္ဌအဖြစ်လည်းကောင်း ပါဝင်ဆောင်ရွက်လျက် ရှိပါသည်။ ထို့အတူပင် မြောက်ဦးဒေသ က္ဘာ့အမွေအနှစ်စာရင်း တင်သွင်းရေး အကြံပေးပညာရှင်အဖွဲ့နှင့် မြောက်ဦးဒေသ က္ဘာ့အမွေအနှစ်စာရင်းတင်သွင်းရေးလုပ်ငန်း ကော်မတီ စသည်တို့ကို စတင်ဖွဲ့စည်းကာ လုပ်ငန်းများစတင် ဆောင်ရွက် လျက်ရှိပါသည်။ ဖွဲ့စည်းခဲ့သည့် ကော်မတီ၊ ဆပ်ကော်မတီများ နှင့် ယူနက်စကို၊ ပြည်တွင်း ပြည်ပ ပညာရှင်များ၊ ဒေသခံအမွေ အနှစ်ချစ်မြတ်နိုးသူများ ပါဝင်သည့် အစည်းအဝေးအကြိမ် (၂၀) ဆောင်ရွက်ခဲ့ပြီး ဖြစ်ပါသည်။

ယဉ်ကျေးမှုဆိုင်ရာ ကမ္ဘာ့အမွေအနှစ်ဒေသဖြစ်ရန်အတွက် သတ်မှတ်ထားသော စံနှုန်း (၆)ချက်ရှိရာ စာရင်းသွင်းမည့် ဒေသ(သို့မဟုတ်)နေရာသည် အောက်ပါစံနှုန်းတို့အနက်မှအနည်းဆုံး (၁)ချက်နှင့် ကိုက်ညီရန်လိုအပ်ပါသည်

-(၁)လူသားများ၏ ဖန်တီးပြုလုပ်ထားသော ယဉ်ကျေး မှုသမိုင်း တစ်လျှောက်တွင် တုနှိုင်းမရသော၊ စံပြုလောက်သော၊ ဂန္ထဝင်တွင်သော ပြောင် မြောက်လှသည့် လက်ရာများ၊

(၂)လူသားများ၏တန်ဖိုးကို ပြောင်းလဲစေသော အရေးပါမှု၊ အချိန်ကာလတစ်ခုအတွင်း (သို့ မဟုတ်) ယဉ်ကျေးမှုဒေသတစ်ခုအတွင်း ဗိသုကာ လက်ရာ(သို့မဟုတ်) နည်းပညာ၊ အဆောက်အအုံ အနုပညာ (သို့မဟုတ်) မြို့တည် ဖွဲ့ မှုနှင့် သဘာဝ ရေမြေပုံစံများ၊ တိုးတက်ပြောင်းလဲလာမှု၊

(၃)တည်ရှိနေဆဲဖြစ်သော (သို့မဟုတ်) ကွယ်ပျောက် သွားခဲ့သော ယဉ်ကျေးမှုဓလေ့ (သို့မဟုတ်) မြို့ ပြယဉ်ကျေးမှုတစ်ခု၏ အတုမရှိမှု (သို့မဟုတ်) ပြယုဂ်တစ်ခုအနေဖြင့် ကျန်ရှိနေမှု၊

(၄)လူ့သမိုင်းတွင် သိသာထင်ရှားရသော အဆင့် အတန်း (သို့မဟုတ်) ထိုထက် ပိုစွာဖော်ပြပေးသော အဆောက်အအုံပုံစံများ၊ ဗိသုကာလက်ရာ နည်းပညာဆိုင်ရာ အစိတ်အပိုင်းများ၊ ရေမြေ ဒေသများ၊

(၅)လူသားအားလုံး အသိအမှတ်ပြုလက်ခံနိုင်သော သဘာဝတရားအရ ဖြစ်ပေါ်လာသော ယဉ်ကျေးမှု နှင့်လူသားများ၏ အခြေချနေထိုင်ခဲ့မှု၊ ပင်လယ် များကို အသုံးချခဲ့မှု၊

(၆)လူသားအားလုံး အသိအမှတ်ပြုလက်ခံနိုင်သော အရေးပါထင်ရှားမှုများ၊ ရှင်သန်နေဆဲထုံးဓလေ့ များ၊ အတွေးအခေါ်များ၊ ယုံကြည်မှု၊ အနုပညာ၊ စာပေလက်ရာများဖြင့် ဆက်စပ်ဖြစ်ပျက်ခဲ့မှုများ၊

မြောက်ဦးယဉ်ကျေးမှုအမွေအနှစ်ဒေသသည် စံနှုန်း(၃)နှင့်(၄)တို့နှင့် အကျုံးဝင်ပါသဖြင့် ထိုစံနှုန်းများနှင့် ကိုက်ညီကြောင်း ကမ္ဘာ့အမွေအနှစ်ကော်မတီသို့ တင်ပြမည်ဖြစ်ပါသည်။

မြောက်ဦးဒေသကို ကမ္ဘာ့အမွေအနှစ်စာရင်းတင်သွင်း ရန် ကြိုတင်ပြင်ဆင်မှုလုပ်ငန်းများ ဆောင်ရွက်နေစဉ် ကံမကောင်းအကြောင်းမလှစွာ ဆန့်ကျင်လှုပ်ရှားမှုများ၊ မလိုလားအပ်သော ပဋိပက္ခများ ဖြစ်ပွားခဲ့ပြီး တစ်ဆက်တည်းမှာ ပင် AA အဖွဲ့၏ လှုပ်ရှားမှုများ ဖြစ်ပေါ်ခဲ့သောကြောင့် မြောက်ဦးဒေသတွင် ခရီးသွားလုပ်ငန်းများ ရပ်ဆိုင်းခဲ့ရပါသည်။

မြောက်ဦးယဉ်ကျေးမှု အမွေအနှစ်ဒေသအတွက် Nomination Dossier(Draft) ၏ လိုအပ်ချက်များကို ကမ္ဘာ့အမွေအနှစ်ကော်မတီက ထပ်မံတောင်းခံမည်ဖြစ်ပြီး Nomination Dossier Complete ကို ၂၀၂၀ ပြည့်နှစ် ဇန်နဝါရီလ ၃၁ ရက်နေ့မတိုင်မီ ပေးပို့ဖြည့်ဆည်းပေးရမည် ဖြစ်ပါသည်။

 

မြောက်ဦးဒေသသို့ ကွင်းဆင်းလေ့လာမည်

လုံခြုံရေးနှင့် နယ်မြေတည်ငြိမ်အေးချမ်းရေးဆိုင်ရာ အခက်အခဲများရှိသော်လည်း မြောက်ဦးဒေသအမျိုးသား အဆင့်ပူးပေါင်းဆောင်ရွက်ရေးကော်မတီ၊ ဝန်ကြီးဌာန၊ ဦးစီး ဌာန၊ ပြည်တွင်း ပြည်ပ ပညာရှင်များ၊ ပြည်နယ်အစိုးရ၊ ဒေသ ခံများ၏ ကြိုးပမ်းအားထုတ်မှုကြောင့် Nomination Dossier Complete ကို သတ်မှတ်ကာလတွင် တင်သွင်းနိုင်မည်ဖြစ် ပါသည်။ အဆိုပါ Nomination Dossier Complete  တင်သွင်းပြီးသည့်အခါ နိုင်ငံတကာအထိမ်းအမှတ် အဆောက် အအုံနှင့် နေရာဒေသများကောင်စီမှ ကျွမ်းကျင်ပညာရှင်သည် ၂၀၂၀ ပြည့်နှစ် စက်တင်ဘာလခန့်တွင် မြောက်ဦးဒေသသို့ ကွင်းဆင်းလေ့လာမည်ဖြစ်ကာ စစ်ဆေးတွေ ့ရှိချက်များကို အခြေတည်ပြီး (၄၅) ကြိမ်မြောက် က္ဘာ့အမွေအနှစ်ကော်မတီ အစည်းအဝေးတွင် က္ဘာ့အမွေအနှစ် စာရင်းဝင်ဖြစ်ရေးကို ဆုံးဖြတ်မည်ဖြစ်ပါသည်။ အားလုံးဝိုင်းဝန်း ကြိုးပမ်းဆောင်ရွက်မှ သာ မြောက်ဦးဒေသ က္ဘာ့အမွေအနှစ် စာရင်းဝင်ရောက်နိုင် မည်ဖြစ်ပါသည်။

 

မည်သို့ပင် မြောက်ဦးဒေသကို က္ဘာ့အမွေအနှစ် ဝင်ရောက်ရေးအတွက် ကြိုးပမ်းစေကာမူ စစ်ပွဲများဆက်ဖြစ်ပြီး နယ်မြေတည်ငြိမ်အေးချမ်းမှု မရှိပါက ကမ္ဘာ့အမွေအနှစ် စာရင်း သတ်မှတ်ခံရမည် မဟုတ်ပါ။ အဓိကအခြေခံလိုအပ်ချက်မှာ နယ်မြေတည်ငြိမ် အေးချမ်းသာယာရေး ဖြစ်ပါသည်။

ထို့ကြောင့် မြောက်ဦးဒေသအား ကမ္ဘာ့အမွေအနှစ်စာရင်း ဝင်ဖြစ်ရန်အတွက် တည်ငြိမ်အေးချမ်းသည့် ပတ်ဝန်းကျင် ပြန်လည်တည်ဆောက်ရန် လိုအပ်ပါသည်။ ပဋိပက္ခတွင် ပါဝင် ပတ်သက်နေကြသော တာဝန်ရှိပုဂ္ဂိုလ်အဖွဲ့အစည်းများအနေဖြင့် ရခိုင်ပြည်နယ်၏ အကျိုးစီးပွား၊ ပြည်ထောင်စု၏အကျိုး စီးပွားကို မျှော်တွေးကြလျက် မြောက်ဦးခရိုင်/ဒေသကို တည်ငြိမ်အေးချမ်းသောဒေသအဖြစ် ပြန်လည်ဖော်ဆောင်ရန် လိုအပ်ပါသည်။

သို့ဖြစ်ပါ၍ မြောက်ဦးဒေသကို က္ဘာ့အမွေအနှစ်စာရင်း ဝင် ဖြစ်လာနိုင်စေရန် အမျိုးသားရေးလုပ်ငန်းတာဝန်တစ်ရပ် အဖြစ် ဦးတည်သတ်မှတ်ပြီး ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်ကြရန် အထူးမေတ္တာရပ်ခံ တိုက်တွန်းအပ်ပါသည်။ ။ မြန်မာ့အလင်း