မြောက်ဦး  ၅   အောက်တိုဘာ 

ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်၊ မြောက်ဦးမြို့တွင် ရှေးဟောင်းသုသေသနနှင့် အမျိုးသားပြ တိုက်ဦးစီးဌာနမှ ဝန်ထမ်းများသည် ယမန်နေ့ နံနက် ၇ နာရီက သမိုင်းဝင်ရှေးဟောင်းလက်ဆည် ကန်တံတိုင်းနှင့် အနီးနားပတ်ဝန်းကျင်အား သန့်ရှင်းသာယာလှပရေးအတွက် ကွင်းဆင်းဆောင် ရွက်ကြောင်း သိရသည်။ 

 

a

 

ကွင်းဆင်းဆောင်ရွက်မှုကို ရှေးဟောင်းသုသေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာနမှ ညွှန် ကြားရေးမှူး ဒေါက်တာသန်းထိုက်ဦးဆောင်ကာ တာဝန်ရှိဝန်ထမ်းများက သမိုင်းဝင်ရှေးဟောင်း လက်ဆည်ကန်တံတိုင်းတွင် ပေါက်နေသော ရေညှိပင်များ မြက်ပင်များအားရှင်းလင်းပြီး တံတိုင်း အနီးအနားပတ်ဝန်းကျင်ရှိ ခြုံနွယ်ပင်များနှင့် ပေါင်းပင်များကို ခုတ်ထွင်ရှင်းလင်းခြင်းနှင့် အမှိုက် များကိုစုပေါင်း ကောက်ယူခြင်းများ ပြုလုပ်ခဲ့ကြောင်း သိရသည်။

 

a

 

ယင်းသို့ သန့်ရှင်းမှုများကို ကွင်းဆင်းဆောင်ရွက် ပြုလုပ်ပေးခြင်းဖြင့် ရှေးဟောင်းယဉ် ကျေးမှုမြို့တော် မြောက်ဦးမြို့ရှိ သမိုင်းဝင်ဘုရားပုထိုးစေတီများနှင့် ရှေးဟောင်းသာသနိက အ ဆောက်အဦများ သမိုင်းဝင်ရှေးဟောင်းအထင်ကရနေရာများကို ဘုရားဖူးပြည်သူများနှင့် နိုင်ငံခြား သားများလာရောက်လည်ပတ်ချိန်တွင် သန့်ရှင်းယာလှပမှုများ ရှိနေစေရန်ရည်ရွယ်၍ ကွင်းဆင်း ဆောင်ရွက်ပြုလုပ်ကြောင်း ရှေးဟောင်းသုသေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာနမှ သိရှိရသည်။

တင်ထွန်းဦး (ပြန်/ဆက်)