မြောက်ဦး ၁၇ ဇွန်
ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့ သျှစ်သောင်းဘုရားဘုန်းတော်ကြီးကျောင်းကယ်ဆယ်ရေးစခန်းသို့ ခိုလှုံရန် ရောက်ရှိလာသော မိသားစုဝင်များအား ထောက်ပံ့ပစ္စည်းများ ပေးအပ်ခြင်းကို ယမန်နေ့ နေ့လည် ၁၁ နာရီက ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်နန်းမိုးနွယ်နှင့် ဝန်ထမ်းများက အဆိုပါ ကယ်ဆယ်ရေး စခန်းသို့ သွားရောက်ကာထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရှိရသည်။
ထောက်ပံ့ပစ္စည်းများ ပေးအပ်ခြင်းကို လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ ဝန်ထမ်းများက သျှစ်သောင်းဘုရားဘုန်းတော်ကြီးကျောင်း ကယ်ဆယ်ရေးစခန်းသို့ ခိုလှုံရန်ရောက်ရှိလာသော အိမ်ထောင်စုဝင်စုစုပေါင်း ၁၁၇ စုမှ လူဦးရေ ၃၉၃ ဦးတို့အတွက် တစ်လစာဆန်ရိက္ခာ ၁၁၇ အိတ်၊ ၂၂ ပြည်နှင့် ၄ ဘူးတို့အား ခိုလှုံလာပြည်သူများထံသို့ လက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ခဲ့ပြီး တာဝန်ရှိသူများက စခန်းရှိ မိသားစုဝင်များကို အားပေးစကားများ ပြောကြားခဲ့ကြောင်း ခရိုင်ပြန်/ဆက်မှ သိရှိရသည်။
MDN