မြောက်ဦး ဇွန် ၁၇
ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့နယ်အတွင်းရှိ ၂၀၂၂ ခုနှစ် မိုးရာသီ ICM စီမံချက်အရ အရိပ်ရသစ်ပင် များ တစ်အုပ်တစ်မ သစ်ပင် စိုက်ပျိုးပွဲတော်ကို ယမန်နေ့က ဗန္တုလရပ်ကွက် စန္ဒမုနိဘုန်းတော်ကြီး ကျောင်းဝန်းအတွင်း၌ သစ်ပင်စိုက်ပျိုးပွဲတော်အခမ်းအနားကို ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အဆိုပါ အခမ်းအနားသို့ သစ်တောဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးကောင်းမြတ်လှိုင်နှင့် ဝန်ထမ်း များ ၊ ပရိဟိတအဖွဲ့ဝင်များ၊ ဗန္တုလရပ်ကွက် အတွင်းရှိနေထိုင်ကြသော ဒေသခံပြည်သူများ၊ စန္ဒမု နိဘုရားမှ ဂေါပကအဖွဲ့ဝင်များ တို့ တက်ရောက်ခဲ့ကြသည်။
ဆက်လက်၍ မိုးရာသီ ICM စီမံချက်အရ အရိပ်ရသစ်ပင်များ တစ်အုပ်တစ်မ သစ်ပင်စိုက်ပျိုးပွဲ တော်၏ ပျိုးပင်များတွင် ကျွန်းပင် ၁၀၀၊ ပျဉ်းကတိုးပင် ၁၀၀၊ ယူကလစ်ပင် ၁၀၀၊ မန်ဂျန်ရှားပင် ၇၀၀၊ စုစုပေါင်း (၁၀၀၀) တို့ကို သစ်တောဦးစီးဌာနမှ ဝန်ထမ်းများ၊ ပရိဟိ တအဖွဲ့ဝင်များ၊ ဒေသခံပြည်သူများ၊ ဂေါပကအဖွဲ့ဝင်များ စုစုပေါင်း ၁၀၀ ခန့် တက်ရောက် စိုက်ပျိုးခဲ့ကြောင်း သိရသည်။
မြင့်စိုး(ပြန်/ဆက်)